Chapter -6 (ထန်းဟော်ရှ)

Start from the beginning
                                    

kaniဟာ သူအကြိုက်ဆုံးsushiလည်းဖြစ်သည်၊ပြုတ်ပြီးသား king crabလက်မရဲ့အရသာဟာ ချိုပြီး နွေဦးမှာပန်းပေါင်းများစွာပွင့်သွားသလိုပဲ၊မင်းသာတစ်ခါစားဖူးရင် ဒီအရသာကိုသေတဲ့အထိမေ့နိုင်မည်မဟုတ်ချေ၊

လော့ရှန်ဟွာဟာ kaniစားလို့ကုန်တော့ နောက်ထပ်သူအကြိုက်ဆုံးဖြစ်သည့် sake sushi( ဆာလမွန်ငါးကိုပါးပါးလှီးထားပြီး ထမင်းပေါ်ထပ်ထားသည့် nigiri) လတ်ဆတ်တဲ့ငါးအရသာဟာ ပါးစပ်ထဲမှာပျော်ဝင်သွားချိန်မှာ daikon radish(မုန့်လာဥဖြူ)နဲ့တွဲစားရင် မင်းကို တကယ့်နတ်ပြည်ဆိုတာ ဘာလဲဆိုတာ ပြသပေးမည့်အစားအစာပင်၊ လော့ရှန်ဟွာပျော်ရွှင်စွာစားသုံးရင်း နောက်ထပ် salmon roe(ဆာလမွန်ဥနဲ့ပြုလုပ်ထားသည့် maki sushi) ထမင်းအလုံးကို ရေညှိနဲ့ပတ်ထားပြီး ထိပ်မှာ ဆာလမွန်ဥများပြည့်သိပ်နေအောင်တင်ထားသည့် sushiဖြစ်သည်၊ တူနဲ့ယူလိုက်ပြီး soyဆောစ့်နဲ့အဖျားစွတ်ကာတို့လိုက်ပြီး ပါးစပ်ထဲထည့်ကာ စားလိုက်သည်၊ဆာလမွန်ငါးဥရဲ့အရသာဟာ အရမ်းကိုလေးပင်ပြီး ပါးစပ်ထဲတွင်ဝါးလိုက်တော့ တဖောက်ဖောက်နဲမြည်နေသည်ဟာ သဘောကျစရာအရသာပင်၊

မဆိုးပါဘူး မဆိုးပါဘူး၊ uramaki sushiကလည်း သူ့အကြိုက်ဆုံး sushiအမျိုးအစားတစ်မျိုးဖြစ်ပြန်သည်၊သူကျတော့ makiနဲ့မတူစွာ ထမင်းကိုအပြင်ဘက်ထားပြီး ရေညှိကိုအတွင်းထားကာ အခြားအစားအစာတွေကို လိပ်ထားသည့် sushiမျိုးဖြစ်သည်၊ ထိုထဲမှာ သူအကြိုက်ဆုံးက Dragon roll uramakiဖြစ်သည်၊ Dragon roll ထဲတွင် ထောပတ်သီး၊philadelphia cheese၊သခွားသီး၊ပုစွန်ကို ရေညှိကို အတွင်းပတ်ထားတာ လိပ်ထားသည်၊ 

ထမင်းအပေါ်မှာ ထောပတ်သီးကို ပါးပါးလှီးထပ်ထားသည့် Dragon rollကို တူနဲ့ညှပ်ယူလိုက်ပြီး စားလိုက်သည်၊ sushiရဲ့တကယ့်အသက်က ထမင်းလို့ပဲ လော့ရှန်ဟွာထင်မိသည်၊သူစိတ်ထဲတွင် sushiထမင်းဟာ စားလို့အကောင်းဆုံးပဲ၊ဘာနဲ့ပဲ ဖြစ်ဖြစ်တကယ်ကို လိုက်ဖက်ညီလွန်းသည်၊ တစ်ခုပြီးတစ်ခု စားနေပြီး ဘေးနားရှိ ဖြစ်ပျက်နေသည့်မျက်နှာတွေကို သတိမထားမိချေ၊ သူစားလို့ ကုန်သွားမှ ကျေနပ်စွာလျှာလေးကို သပ်လိုက်ပြီး အသီး saladကို တစ်ဝက်ကျော်သည့်ကုန်အောင် စားသောက်သူဗိုက်လေးပင်နည်းနည်း ဖောင်းကားသွားသည်။

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now