"အဲဒါပြောတာပေါ့ ဦးလေးရ...မဖြစ်စဖူးမို့ အကြီးအကျယ်ပဲ...ကျွန်တော်တောင် ကြားထဲကဆွဲမနိုင်ဘူး"
"အင်း...ဒီကောင်ကြီး ဇေမူးတာများလား"
"မသိဘူးဦးလေးရ..အဲဒါကြောင့်ကူညီပါဦး...အခုတော့ အမေကစိတ်ဆိုးပြီး အပေါ်ထပ်မှာ သူကအိမ်ရှေ့တင်ထိုင်နေတာ...အခုချိန် သူ့ကိုနားချဖို့ဆို လက်ခံမှာမဟုတ်ဘူးဗျ...အဲတော့ အရင်ဆုံးလက်ဖက်ရည်ဆိုင် ခေါ်သွားပြီး ဟိုရောက်မှ ပြောကြည့်ပါလားဗျာ...တောင်းဆိုပါတယ်"
"အေးအေး ခဏနေလာခေါ်လိုက်မယ်...သားလည်း စိတ်အေးအေးထား...မင်းအမေကိုလည်း ချော့လိုက်ဦး ကြားလား"
"ဟုတ်ကဲ့ခင်ဗျ...ကျေးဇူးပဲနော်"
ဦးစိန်တင့်တော့ အားနာပေမဲ့ အဲလို အဲလို မုသာဝါဒလေး အနည်းငယ်ကျူးလွန်ပြီးတဲ့နောက် အိမ်ကို မသိမသာပြန်လာပြီး အခန်းထဲပုန်းနေလိုက်တယ်။ ခဏနေတော့ တကယ်ပဲ ဦးစိန်တင့်ကြီးရောက်ချလာရော။ ဘာမပြောညာမပြောမို့ ဦးလှဆွေလည်းပါသွားရော။ အမေကတော့ ပဌာန်းရွတ်ပြီးလို့ ပုတီးစိပ်နေပြီထင်ရဲ့။ ဆိုတော့ အေးအေးဆေးဆေးပဲ ခေါင်းရင်းကြားရေမီတာပုံးကို သွားဖွင့်လိုက်တယ်။
ထင်တဲ့အတိုင်းပါပဲဗျာ။ ဘလက်လေဘယ်နော် တစ်ပုလင်းထဲတောင်မဟုတ်ဘူး။ နှစ်ပုလင်း...အိုက်ယား..ပွတာပဲ။ အခန်းထဲယူခဲ့ပြီး ဘီရိုသော့ကိုဖွင့် ပုလင်းတွေပစ်ထည့် ဗီရိုကိုပိတ် သော့ပြန်ခတ် သော့ကိုပြန်ဖွက်။ ဒင်းပြန်ရှာမတွေ့နိုင်စေရဘူး ဟဲဟဲ။ ပြီးတော့ စောင်ခြုံပြီး အိပ်ချင်ယောင်ပဲဆောင်လိုက်တယ်။ အင်း အိပ်ချင်ယောင်ဆောင်တာထက် ဖက်လုံးကြီးကို ဖက်ပြီး သော်ကြီးနဲ့စိတ်ကူးယဉ်နေတယ်ဆိုမမှားဘူး။
ည၉နာရီလောက်နေတော့ အရှေ့မှာ ပွစိပွစိအသံတွေကြားရော။ ထင်ပါတယ်။ အဲလိုပဲဖြစ်တော့မှာလေ။
ဒေါက် ဒေါက်...
"သားရေ...သား...အိပ်နေပြီလား...ခဏလောက်ထွက်ခဲ့ပါဦး"
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...
Part-9
Start from the beginning