အချစ်စစ်(အပိုင်း၁၇ part1)

Start from the beginning
                                    

"ငါနင့်ကိုမပြောခဲ့ဝူးလားရိပေါ်ရယ်..."
"ငါလည်းငါ့သူငယ်ချင်းအတွက်လုပ်ခဲ့တာလေငါဘာတတ်နိုင်မှာလဲ.....ငါ့ဘက်ကိုလည်းစာနာကြပါအုန်း...ငါ့ရင်တွေနာကျင်နေတာကိုလျစ်လျူရှုပြီးငါသူ့ကိုနာကျင်အောင်လုပ်ခဲ့ရတာ...သူတင်မကပဲငါလည်းနာကျင်ရတာပဲလေ...ဒါမဲ့ငါအခုတော့သူငယ်ချင်းကောင်းလည်းမပီသနိုင်တော့ဝူး...ငါ့နှလုံးသားတစ်ခုလုံးစုတ်ပြတ်နေပြီ...သူ့ကိုငါသိပ်လွမ်းတယ်...သူငါ့ဆီပြန်မလာတော့ဝူး...ငါ...ငါသိပ်မှားခဲ့ပြီကွာ!!ငါလေရှောင်ကျန့်ဆီသွားပြီးထွက်မသွားပါနဲ့လို့တောင်းပန်ချင်တယ်သူ့ကိုပျော်အောင်ထားမယ်လို့သူစိတ်ကျေနပ်ထိတောင်းပန်မယ်ဟာ..ဒါမဲ့အခုတော့ငါ့မှာအဲ့အခွင့်အရေးတောင်မရှိတော့ဝူးလားဟင်....သူသိပ်အပုန်းတော်တာပဲ......"

ရိပေါ်ငိုသည်ကိုပထမဆုံးအကြိမ်မြင်ဖူးခြင်းပေ...ရိပေါ်ဤသို့သူနဲ့ပေါင်းလတဲ့တလျှောက်ငိုတာမမြင်ဖူးခဲ့ပါ..ယခုတော့သူနာနာကျင်ကျင်နှင့်ရှိုက်ကြီးတငင်ငိုနေသည်ကိုမျက်မြင်တွေ့လိုက်ရပြီ...အံ့သြနေသည်ကိုနောက်ထားကာသူ့အားကြည့်ရင်းအတော်ပင်စိတ်မကောင်း...

အင်းအချစ်ကချိုမြိန်ခြင်းထက်ခါးသက်မှုကပိုများလိုက်တာ...

"တွေ့မှာပါဟာနင်ကလည်းနင်ဒီလိုဖြစ်နေတာကိုသူမြင်ရင်ပျော်ပါ့မလားအခုပုံစံနဲ့ဆိုနင်သူ့ကိုရှာမတွေ့ခင်နင်အရင်သေသွားလိမ့်မယ်သတိထားအုန်း"

"အင်...သူငါ့ကိုဒီလိုပုံစံနဲ့မြင်ရင်ငါ့ပိုမုန်းလိမ့်မယ်သူမကြိုက်တာတွေပဲလုပ်တယ်ဆိုပြီး...ဟုတ်တယ်...ငါဒီလိုမနေဝူး...ဟုတ်တယ်ငါပြုပြင်ရမယ်"

ရိပေါ်တစ်ယောက်လက်မလျော့ပဲရှောင်ကျန့်အားထပ်ရှာခဲ့သည်..
တစ်ပတ်ထပ်မံကုန်ဆုံးခဲ့ပြန်ပြီ..

🍂ရှောင်ကျန့်အတွက်လဲ..၂ လဆိုတဲ့အချိန်လေးပဲကျန်တော့သည်"
"ဒီရေနှင့်အချိန်သည်လူကိုမစောင့်"
ဆိုသည့်စကားပုံကဲ့သို့ပင်အချိန်များကုန်ဆုံးလာသည်မှာမြန်ဆန်လွန်းလှသည်....

ရှောင်ကျန့်အရင်ကနေခဲ့တဲ့သူ့မွေးရပ်မြေလေး၌

ရှောင်ကျန့်ပြတင်းပေါက်လေးကနေလေညင်းခံနေမိသည်ပြီးတော့....သဘာဝတရားကြီးကိုအပြည့်အဝခံစားပြီးနေတော့သည်.......

အချစ်စစ်(Yizhan version)Where stories live. Discover now