"ကောင်းထက်ပြောတာဟုတ်လား။မင်းနော် ထက်ဘုန်း သူငယ်ချင်းအချင်းချင်းမလုပ်နဲ့နော်"

"ဒီနှစ်ကောင်တော့။အကောင်းပြောနေရင်ဝင်ဝင်မနှောင့်ကြပါနဲ့ကွ"

"မင်းစိတ်သက်သာရာရအောင်စလိုက်တာပါကွာ။မစတော့ဘူး။အတည်ပြော မင်းသဘောကျနေတာကဘယ်သူလဲ"

"ဆောင်း.....ဆောင်းဦးစက်"

"ဪ"

နှစ်ယောက်စလုံးကအံ့ဩတဲ့အရိပ်အယောင် နည်းနည်းလေးတောင်မပြဘဲ "ဪ"ဟူသောအသံသာထွက်လာသောကြောင့် ထက်ဘုန်းနည်းနည်းကြောင်သွားသည်။ဒီကိစ္စကအံ့ဩရမယ့်ကိစ္စမဟုတ်ဘူးလား။သူ့ကိုယ်သူသတိထားမိသွားတာတောင်မယုံကြည်နိုင်ဖြစ်နေတာကို ဒီကောင်တွေကဘာလို့အဲ့လောက်အေးဆေးနေရတာလဲ။

"မင်းတို့ကတစ်ခုခုပြောကြလေကွာ။မင်းတို့ပုံစံကလည်းဘာမှမဖြစ်တဲ့ပုံစံနဲ့။နည်းနည်းပါးပါးအံ့ဩလေကွာ"

"ဒါကအံ့ဩစရာမှမဟုတ်တာ"

"အေးလေ ငါတို့အစကတည်းကခန့်မှန်းမိသားပဲ"

"ဟမ် ဘယ်လို"

ထက်ဘုန်းကြောင်သွားသည်။နှစ်ယောက်စလုံးကအရင်ကတည်းက ခန့်မှန်းမိတယ်ဆိုတော့ သူ့ပုံစံကအရမ်းသိသာနေခဲ့တာများလား။သူအဲ့လောက်တောင်ဆိုးရွားနေခဲ့တာလား။

"မင်းတို့ကဘယ်လိုကနေဘယ်လိုခန့်မှန်းမိတာလဲ။ငါလည်းမင်းတို့ကိုဘာမှမပြောမိပါဘူး"

"မပြောလည်းခန့်မှန်းလို့ရတဲ့နည်းတွေကအများကြီးပဲလေ ငတုံးရယ်"

"အေးလေ မင်းကိုယ်မင်းတောင်အခုမှသိတာလား။ဒီလောက်သိသာနေတာကိုလေ"

"ပြောကြည့် ဘယ်နေရာကသိသာသွားတာပဲ။ငါကအဲ့လောက်တောင်တုံးတာလား"

"တုံးတာမှဘယ်သူမှလိုက်မမှီအောင်ကိုတုံးတာ။ဆောင်းဦးနဲ့ဖြိုးဉာဏ်နဲ့အတူတူရှိနေရင် မင်းမျက်စောင်းကြီးကဖြိုးဉာဏ်ဆီရောက်သွားတာတို့၊ဆောင်းဦးကိုသူများထက်ပိုပြီးအရေးပေးနေတာတို့က ဒီလောက်သိသာနေတာကို"

"အဲ့ဒါနဲ့များဆောင်းဦးကငါကြိုက်တဲ့ပုံစံမဟုတ်ဘူးလေးဘာလေးပြောသေးတယ်။လေကြီးလေကျယ်လုပ်တာတော်ရုံလုပ် ခွေးကောင်"

My Nerdy BoyWhere stories live. Discover now