"ထယ်လက်တွေးအေးနေတာပဲ နေရောကောင်းလား "

"ဟုတ် ကောင်းပါတယ်"

"စိတ်မလှုပ်ရှားပါနဲ့အခုထယ်ဘေးမှာကိုယ်ရှိပါတယ် ဧည့်သည်တွေရောက်နေပြီထင်တယ်လာ"

ထယ်ယောင်းလက်ကိုမဖြုတ်ဘဲစားပွဲဝိုင်းရှိရာဆီဦးတည်နေသည်။ဂျောင်ဂုကသူ့ကိုအခုစကားပြန် ပြောပေးဖို့စိတ်လှုပ်ရှားနေတယ်ထင်နေပုံရသည်။သူကတော့ဂျောင်ဂုအပေါ်မရိုးသားစိတ်တွေရှိနေတာကိုတစ်ယောက်ထဲမလုံမလဲရှက်နေရသည်။ဧည့်သည်တွေကပြင်သစ်လိုအနည်းငယ်သာပြောကြပြီးကျန်တာတွေကိုဂျောင်ဂုနဲ့englishလိုသာတိုက်ရိုက်ပြောဆိုနေကြတော့ထယ်ယောင်းသိပ်ပြီးဝင်ပြောစရာမလိုပဲ
ဂျောင်ဂုထည့်ပေးနေသောအစားအစာတွေကိုတစ်မျိုးပြီးတစ်မျိုးစားနေလိုက်သည်။

"သူဌေးကတော်ကြီး ဟိုဘက်ဝိုင်းမှာ
ထယ်လေးထင်တယ်"

အတွင်းရေးမှူး ပြောလို့လှမ်းကြည့်လိုက်တော့ဂျွန်ဂျောင်ဂုဘေးနားမှာထိုင်နေသောထယ်လေးကိုတွေ့လိုက်ရသည်။သူမထယ်လေးဖုန်းနံပါတ်ကိုခေါ်ကြည့်တော့လည်းဖုန်းကိုတစ်ချက်ကြည့်ကာမကိုင်ပဲချလိုက်တာတွေ့ရသည်။

"အတွင်းရေးမှူးယွန်း ထယ်လေးကိုငါ့ဆီခေါ်လာခဲ့ မိသားစုညစာစားမှာလို့သူ့အဖိုးရော သူ့အဖေအမေရောလာမှာလို့ပြောပြီးခေါ်ခဲ့"

"ဟို သူတို့ကတခြားသူတွေရောရှိနေတော့ထယ်လေးအလုပ်ကိစ္စလားမှမသိ...."

"နင်သွားသာခေါ်လာခဲ့ပါ လျှာမရှည်နဲ့"

အတွင်းရေးမှူး လည်းပြမိတဲ့ကိုယ့်ကိုကိုယ်သာရိုက်လိုက်ချင်တော့သည်။ဝမ်းသာလို့ပြမိတာအခုတော့တလွဲတွေသူမလည်းသူဌေးကိုမလွန်ဆန်ရဲတော့ထယ်လေးစားပွဲဝိုင်းသို့သာလာခဲ့ရတော့သည်။

"ခွင့်ပြုပါရှင်"

ဂျောင်ဂုအသံကြားလို့လှည့်ကြည့်တော့သူတို့ကိုစကားလာပြောသောကောင်မလေးကိုတွေ့လိုက်ရသည်။ထယ်ယောင်းကတော့အဲ့ဒီမိန်းကလေးကိုစကားစပြောနေသည်။

"အမ ဘာဖြစ်လို့လဲ"

"ထယ်လေး နောက်ဝိုင်းမှာထယ်လေးဖွားဖွားကမိသားစုညစာစားဖို့တဲ့ ထယ်လေးကိုပါခေါ်ခိုင်းလို့ပါ"

Be Happy  √ Completed √Unde poveștirile trăiesc. Descoperă acum