Chapter - 5(ဒယ်ဒီဆီက နေ့လည်စာ)

Start from the beginning
                                    

"ရှန်ဟွာ...!" ဘေးကနေ သူ့ကို သုံး၊လေးခွန်းလောက် ခေါ်နေသည့်အသံကြောင့် အတွေးနွံထဲကနေ ပြန်ထွက်လာကာ သူ့ကိုခေါ်တဲ့သူကို ကြည့်လိုက်တော့ ဟန်စုမင်ဖြစ်နေသည်၊သြော်...ဟုတ်သားပဲ၊ဒီကောင်နဲ့သူက တစ်တန်းဆိုတာ မေ့နေခဲ့တယ်၊အခုလည်း သူရဲ့ခုံကို ကြည့်ကာမျက်ဝန်းများဟာ ကျေနပ်မှုများ ပြည့်သိပ်နေပေမယ့် သူ့ဘက်လှည့်လာသည့်အချိန် ဝမ်းနည်းနာကျင်သည့်ပုံစံလေးပြောင်းလဲသွားကာ...

"ရှန်ဟွာ...ဘယ်သူလုပ်တာလဲ ငါသွားစုံစမ်းပေးမယ်!"လို့ ပြောကာ ထသွားသည့်ဟန်စုမင်ကို လော့ရှန်ဟွာ ဘာမှမပြောဘဲ ကြည့်နေလိုက်သည်၊သိသားပဲ ဟန်စုမင်ဟာ လော့ရှန်ဟွာကိုခုတုံးလုပ်ပြီး သူနဲမတည့်သည့်၊သူအမြင်ကတ်သည့်သူတွေကို လွဲချကာ လော့ရှန်ဟွာကို လိမ်လည်ပြောဆိုပြီး လှည့်ဖြားကာ ရန်တိုက်ပေးသူဖြစ်သည်၊သူကတော့ မျက်နှာကောင်း ယူပြီးတော့ပေါ့၊တကယ်တော့ ဒီခုံမှာ ရေးတဲ့သူက ဟန်စုမင်ပင်၊... အဟက် ဘယ်သူ့ကို ငါနဲ့ရန်တိုက်ပေးမလဲမသိဘူး စိတ်ဝင်စားစရာပဲ၊

ခဏနေတော့ အနည်းငယ်ပျော်ရွှင်နေသည့်ပုံစံဖြင့် ဟန်စုမင်ဟာ ပြန်ရောက်လာပြီး သူ့ဘေးလာထိုင်ကာ...

"ရှန်ဟွာ သိလား ငါခုနက အစ်ကိုအန်းထျန်းနဲ့တွေ့ခဲ့တယ်"လို့ ပြောလိုက်ချိန်မှာ ဟန်စုမင်မျက်နှာ ရူးသွပ်ကာပျော်ဝင်မှုများပါဝင်နေသည်၊ထိုအချင်းအရာကို အရင်လော့ရှန်ဟွာမမြင်တာ အံ့သြတယ်၊ ဒီခန္ဓာကိုယ်ဟာ အရင်က လော့ကျန်းပေ့ကို ကြိုက်သည်ကိုလူမသိစေချင်ရန် ရှအန်းထျန်းကို သဘောကျသည်ဟုပြောထားတာကိုး၊

ဟန်စုမင်ဟာ ချက်ချင်း အပြစ်ရှိတဲ့ပုံစံလေးလုပ်ကာ...

"သူ ငါ့ကိုစကားလာပြောလို့... ငါပြန်ပြောမိခဲ့တယ်... ဒါပေမယ့် ငါသူကို သဘောမကျဘူးနော် ငါက အတန်းဖော်တစ်ယောက်အနေနဲ သူမေးတာကို ပြန်ဖြေရုံပဲ"လို့ ခေါင်းတခါခါ လက်တခါခါနဲ့ ဖြစ်နေသည့်ဟန်စုမင်ကို ကြည့်ကာ...

"ငါက ဘာပြောနေလို့လဲ... မကြာခင် စာမေးပွဲလာတော့မယ် ငါစာလုပ်မလို့ " ပြောချင်တာက စကားလာများမနေနဲ့ လစ်လိုက်တော့ဟု ပုံစံပင်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now