အချစ်စစ်(အပိုင်း၁၆)

Ξεκινήστε από την αρχή
                                    

ကျနော်လေအကို့ကိုချစ်တယ်...အဲ့တာကကျနော်အထက်တန်း​ေကျာင်းသားဘဝထဲကပါ......ကျနော်အကို့ကိုသိပ်မြတ်နိုးတန်ဖိုးထားခဲ့တာပါ
ကျနော့်အချစ်တွေကြောင့်အကို့ကိုအနှောင့်အယှက်မဖြစ်စေချင်ခဲ့တာအမှန်ပါကျနော်ကအကို့ကိုဖြူဖြူစင်စင်ချစ်တာပါအကိုရယ်....
.ဒါမဲ့အဲ့ဖြူစင်တဲ့အချစ်တွေကို
စိတ်နာတဲ့ထိအကို့ရဲ့စကားလုံးတွေနဲ့စော်ကားခဲ့တယ်ဒါမဲ့ခွင့်လွှတ်ပါတယ်အကို
အားလုံးကိုခွင့်လွှတ်ပါတယ်

ဒါမဲ့ကျနော်နောက်ဘဝတော့အကို့ ကိုမတွေ့ချင်တော့ဝူး အကိုနဲ့ပြန်မဆုံရပါစေနဲ့......

ကျနော်ခံနိုင်ရည်မရှိတော့လို့ပါအခုလဲအကိုနဲ့ဝေးရာကိုကျနော်ထွက်သွားပါပြီကျနော်ဒီလိုလုပ်တာကကျနော့်ရဲ့မာနနဲ့ဂုဏ်ကိုလည်းထိန်းဖို့နဲ့အကို့ရဲ့ပျော်ရွင်ရမဲ့အနာဂတ်အတွက်
ပြီးတော့အကိုအထင်လဲွနေတဲ့ကျနော့်သူငယ်ချင်းကလည်းနောက်၂လရောက်ရင်သူ့ရဲ့ချစ်သူနဲ့လက်ထပ်တော့မှာပါပြီးတော့ကျနော်ဘယ်သူ့ကိုမှမသတ်ခဲ့ဖူးပါဝူးဆိုတာတော့နောက်ဆုံးအနေနဲ့ယုံစေချင်တယ်အကိုကို့အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်.
ကွာရှင်းစာချုပ်မှာလည်းလက်မှတ်ထိုးထားခဲ့တယ်
ရေစက်မဆုံပါစေနဲ့တော့..
ကျနော်အကို့ ကိုနှုတ်ဆက်ခဲ့ပါတယ်...

                                      ကိုကိုမုန်းတဲ့ကျနော်"

ဟုရေးကာမနေ့ညကရှောင်ကျန့်ရိပေါ်အတွက်စာချန်ပြီးကွာရှင်းစာချုပ်မှာပါလက်မှတ်ထိုးပြီးခုံပေါ်မှာပဲတင်ခဲ့လိုက်တယ်သူ့ ဆေးတွေနဲ့အတူသူရိပေါ် မနိုးခင်ရိပေါ်နားကထွက်ခွာသွားခဲ့သည်နာကျင်နေသောဒဏ်ရာများနှလုံးသားနှင့်အတူချစ်မြတ်နိုးရသောသူနှင့်...ဝေးရာကိုသွားတော့သည်..

************************************

ရိပေါ်စာဖတ်ပြီးနောက်မျက်ရည်များလည်းပါးပြင်ပေါ်တွင်နေရာယူကာဝဲဘက်ရင်အုံမှနှလုံးသားကလည်းအလွန်နာကျင်လာသည်

"ငါလက်မှတ်မထိုးပေးနိုင်ဝူးရှောင်ကျန့်....ပြီးတော့ငါမင်းကိုမခဲွပေးနိုင်ဝူး.... ကို....ကိုလည်းလေ...မင်းကိုအရမ်းချစ်တယ်.....မင်းကိုတခြားလူကိုမပေးနိုင်လို့ကိုယ့်နားကထွက်သွားမှာဆိုးလို့ဒီလိုလုပ်မိတာပါကို့ရဲ့အမုန်းတွေကိုရှေ့တန်းတင်မိလို့ကိုဒီလိုတွေလုပ်မိပါကိုယ်မင်းကိုမမုန်းပါဝူးကိုယ့်ကိုမထားခဲ့ပါနဲ့ကလေးရယ်ကိုယ်မင်းမရှိရင်မနေနိုင်ဝူး .....ရှောင်ကျန့်!!ကိုယ့်ဆီပြန်လာခဲ့ပါ..."

အချစ်စစ်(Yizhan version)Όπου ζουν οι ιστορίες. Ανακάλυψε τώρα