စာစဉ် ၇ (၁-၁၀)
Start from the beginning
အရမ်းကြောက်နေသည့် ချင်းကျီအိုက် ခမျာ ဂူယူရှန်း
သူမရှေ့ ရောက်နေတာကိုပင် မသိပဲ တစ်နေရာကိုသာ
စူးစိုက်ကြည့်နေမိသည် ။
ဂူယူရှန်းက သူမမျက်လုံးရှေ့ လက်တွေခါရမ်းပြပေမည့်
မမြင်နိုင်တာကြောင့် ဂူယူရှန်းလည်း သူမလက်ကောက်ဝတ်ကို ဆွဲကိုင်ကာ အပြင်ကို ခေါ်ထုတ်သွားလိုက်တော့သည်..
သူတို့ကားပေါ်ရောက်သည်အထိ ချင်းကျီအိုက်သည် ငေးကြောင်နေတုန်း ... ခနအကြာ ကားမောင်းသူနေရာမှာ
ရှိနေသည့် ဂူယူရှန်းသည် မနာပင် မနာလေဟန်
တည်တည်ငြိမ်ငြိမ်ဖြင့် ကားစထွက်လာတော့သည် ..
“ရှင့်ရဲ့...”
သူမစကားပြောတဲ့အချိန် တုန်နေတဲ့အသံကို သူမကိုယ်တိုင်ပင် သတိထားမိသည် .. သက်ပြင်းရှိုက်လိုက်ရင်း
စိတ်ကိုငြိမ်အောင် ထားကာ စကားဆက်လိုက်သည် ။
“ဒဏ်ရာ”
ဂူယူရှန်း သူမကို ဖြေးဖြေးချင်း လှမ်းကြည့်ပြီး ဘာမှပြန်ပြောပဲ ကားမောင်းတာကိုပဲ ပြန်အာရုံစိုက်သည် .. လမ်းမထက်
အရှိန်မြှင့်ပြီး အိမ်ကိုသာ ဦးတည်လိုက်တော့သည် ..
၁၀ မိနစ်လောက် မောင်းလာအပြီးမှာတော့ ဆေးရုံကို တွေ့လိုက်တာကြောင့် ချင်းကျီအိုက် အလောတကြီး
လှမ်းအော်သည် ။
“ဆေးရုံ”
ဂူယူရှန်းကတော့ ကားရပ်ဖို့မပြောနှင့် အရှိန်ပင်မလျော့ ...
ဒီလိုနဲ့ နောက်ကြည့်မှန်ကနေတောင် ဆေးရုံက ပျောက်သွားခဲ့တော့သည် ...
သူတို့ မီးပွိုင့်မိနေတုန်း ဂူယူရှန်းက သူ့ဘောင်းဘီအိတ်ထဲက စီးကရက်ကို ထုတ်လိုက်ပြီး သွားနဲ့ကိုက်ထားကာ မီးခြစ်ကို ရှာသည် ..မတွေ့..။ လက်ဖက်ရည်ဆိုင်မှာ ကျကျန်ခဲ့ပုံပင် ။
ဒါကြောင့် ကားက အံဆွဲလေးထဲကနေ နောက်အသစ်တစ်ခု ထုတ်ယူလိုက်စဉ် မီးပွိုင့်က စိမ်းသွားခဲ့သဖြင့်
လက်တစ်ဖက်ဖြင့်သာ စတီယာတိုင်ကို ကိုင်လိုက်ပြီး
တစ်ဖက်က မီးခြစ်ထုတ်နေလိုက်သည် ။
-----------------------------------------------------------
စာစဉ် ၇၊ အခန်း ၂။ အဲ့ဒီနေ့က ကျေးဇူးတင်ပါတယ် (2)