The Haunted House (U)

536 86 1
                                    

"ဟေဇယ်ရော ဖရုံသီးလာမထွင်းဘူးလားလို့"

တိုင်လာက လက်ပ်တော့ကိုကြည့်နေရင်း
မေးတော့ ကိတ်ကိုကော်ဖီခွက်ကို
စားပွဲပေါ်ချပြီး "ကလေးမလေးက
ကြွားလို့မပြီးသေးတော့ခုထိဆင်းမလာနိုင်သေးဘူး။ဒီအိမ်လေးကိုတော်တော်သဘောကျနေပုံပါပဲ"ဟူ၍ ပြန်ဖြေသည်။ သူမကြည့်ရတာဂုဏ်ယူကျေနပ်နေတဲ့ဟန်ရှိသည်။တိုင်လာကပြုံးလိုက်ပြီး ဖရုံသီးတစ်ခုကိုသယ်လာပြီးစားပွဲပေါ်တင်လိုက်သည်။

"ကလေးတွေလာကြ ဒီနေ့ dadကဖရုံသီးကို
ဘယ်လိုထွင်းရမလဲဆိုတာသေချာသင်ပေးမယ်။"

အီသန်နဲ့ အယ်လီကစိတ်လှုပ်ရှားနေတဲ့ဟန်နဲ့
ခုန်ပေါက်ပြီးအော်ဟစ်နေကြသည်။
"အရင်ဆုံး အတွင်းထဲကအစာတွေကိုကလော်
ပြီးထုတ်ရမယ်။ပြီးတော့ သေချာရေနဲ့ဆေးပြီး
မျက်လုံး နှာခေါင်း ပါးစပ်စဖောက်ရတယ်။"

တိုင်လာက အစာတွေကိုကလော်ပြီး
လုပ်ပြနေတာကိုအက်စတာပြုံးကာကြည့်
လိုက်ပြီးထမင်းစားခန်းထဲကထွက်လာသည်။

"အက်စတာ အတူတူမထွင်းတော့ဘူးလား "

တိုင်လာက အခန်းထဲကထွက်သွားတဲ့
အက်စတာကိုမြင်ပြီးလှမ်းမေးတော့
အက်စတာခေါင်းခါပြပြီး "နောက်မှလုပ်တော့မယ် dad အခုရိုက်ထားတဲ့ဓာတ်ပုံလေးတွေ
သွားသိမ်းမလို့ ။"

အက်စတာအပြောကိုတိုင်လာကခေါင်းငြိမ့်ပြီး
အိုခေဆိုတဲ့လက်ပုံစံလုပ်ပြတော့အက်စတာကလဲ
အိုခေဆိုတဲ့လက်ပုံစံပြန်လုပ်ပြပြီးရယ်ကာ
ထွက်လာခဲ့သည်။ လှေကားတွေပေါ်ကနေ
တက်လာပြီး ဟနေတဲ့ဟေဇယ်အခန်းတံခါးလေး
ကနေချောင်းကြည့်လိုက်တော့ဟေဇယ်ကရယ်မောပြီးသူ့သူငယ်ချင်းတွေနဲ့စကားပြောနေတာကို တွေ့လိုက်ရသည်။အသက်နှစ်ဆယ်ကျော်ပြီဆိုတော့လဲ သူငယ်ချင်းကောင်းတွေတော့ရှိမှာပေါ့။

သူကအခုမှ 17 ပဲရှိသေးသည်။ နောက်ကြ
သူငယ်ချင်းကောင်းတွေ့လာမှာပါ။
အက်စတာတံခါးကိုသေချာပြန်ပိတ်ပေးပြီး
သူ့အခန်းဆီလျှောက်လာခဲ့သည်။တံခါးရှေ့မှာအကြာကြီးရပ်နေပြီးမှလက်ကိုင်ဘုကိုဆွဲလှည့်ပြီးအခန်းထဲဝင်လိုက်သည်။တံခါးကိုလက်တွန်းပိတ်လိုက်ပြီးကင်မရာနဲ့ဓာတ်ပုံချပ်ပြားတွေကိုကုတင်ဘေးကစားပွဲပေါ်တင်လိုက်သည်။ ပြတင်းပေါက်ကိုကြည့်လိုက်ပြီးပြတင်းပေါက်အနား ဖြည်းညှင်းစွာလျှောက်လာသည်။

- 𝑻𝒉𝒆 𝑯𝒂𝒖𝒏𝒕𝒆𝒅 𝑯𝒐𝒖𝒔𝒆- (Complete)Opowieści tętniące życiem. Odkryj je teraz