The Haunted House (U)

1.2K 116 2
                                    

ပုံမှန်သွားနေတဲ့ကားလေးထဲမှာ အက်စတာ
ကားမှန်ကိုမှီပြီး သူ့မျက်လုံးရှေ့တရိပ်ရိပ်ဖြတ်သွားတဲ့သစ်ပင်တွေကိုငေးပြီးလိုက်လာသည်။လမ်းကရှည်ကြာပေမယ့်သူမသဘောကျသည်။ တောအုပ်ထဲကသစ်ပင်တွေရဲ့ပုံရိပ်တွေ လေတိုက်လိုက်ရင်မြည်လာတဲ့သစ်ပင်တွေရဲ့စကားသံတွေလန်းဆန်းပြီးအေးမြတဲ့တောအုပ်ထဲကသစ်ပင်တွေကိုဖြတ်တိုက်သွားတဲ့လေပြေရဲ့ ထိတွေ့မှုတွေကိုသဘောကျသည်။

" မကြာခင်ရောက်တော့မယ် ဟောလိုးဝင်းမတိုင်ခင်အမှီပြောင်းနိုင်လို့တော်သေးတယ်"

ကိတ် ရင်ဘတ်ကိုဖိ​လိုက်ပြီး သက်ပြင်းချလိုက်ကာကာပြောသည်။ ဟောလိုးဝင်းရောက်ဖို့လေးရက်အလိုမှာဒီကိုပြောင်းလာနိုင်ဖို့တော်တော်ကြိုးစားခဲ့ရတာကိုး။

"သမီးတို့အိမ်အသစ်ကဘယ်လိုပုံစံမျိူးလဲ mommy။"

အယ်လီ သူ့လက်ထဲကအရုပ်ကလေးကိုဖက်ထားပြီးသွားများပေါ်တဲ့အထိပြုံးပြကာမေးလာတော့ ကိတ်ပြုံးလိုက်ပြီး "အိမ်ကြီးကအကြီးကြီးမှအကြီးကြီးပဲပြီးတော့သမီးတို့ကစားဖို့အနောက်မှနေရာအကျယ်ကြီးလဲရှိတယ်။ "လို့ ကိတ် အရှေ့ခန်းကနေ အယ်လီဘက်လှည့်ကာလက်နှစ်ဖက်ကိုဖြန့်​ပြပြီး အကြီးကြီးဆိုတဲ့ပုံစံလုပ်ပြကာဆိုသည်။

အယ်လီ သူမရဲ့မျက်လုံးဝိုင်းဝိုင်းလေးက
သဘောကျတဲ့ဟန်မှိတ်သွားပြီးတခစ်ခစ်ရယ်
လာကာ သူ့လက်တွေကိုလှုပ်ယမ်းသည်။

"အက်စတာ သမီးအကြိုက်အိမ်ကြီးအနောက်ဘက်မှာတောအုပ်ရှိတယ်သိလား။သစ်ပင်တွေနဲ့ထူထဲနေတာပဲ။ "

ကိတ် တိတ်ဆိတ်နေတဲ့အက်စတာကိုလှမ်းကြည့်ပြီးပြောတော့အက်စတာ ကိတ်ကိုလှမ်းကြည့်
ကာ "တောအုပ်ရှိတယ်...?။ "ဟူ၍တီးတိုးရေရွတ်
တော့ ကိတ် အက်စတာကိုကြည့်ကာ"အင်း သမီး ဓာတ်ပုံတွေဘာတွေရိုက်ပြီးအဲ့မှာအနားယူလို့ရတယ် တခါတလေအယ်လီနဲ့ပျော်ပွဲစားထွက်
ပေါ့ "ဟူ၍ပြုံးကာဆိုသည်။

အက်စတာ ကိတ်စကားကြောင့်ပြုံးသွားပြီးသူမအမေကိုတက်ကြွစွာကြည့်လာသည်။ကိတ်
အက်စတာကိုကြည့်ပြီး ကြည်နူးစွာ
ပြုံးလိုက်သည်။

- 𝑻𝒉𝒆 𝑯𝒂𝒖𝒏𝒕𝒆𝒅 𝑯𝒐𝒖𝒔𝒆- (Complete)Where stories live. Discover now