Part (31)

373 24 0
                                    

သားကောင်

🌸pann

Part (31)

" ဇာနည်.. စောနလေးကမှ ဖုန်းဆက်လှမ်းပြောတာ "

" ဘာဖြစ်တယ်.. "

နောင်ရိုး မျက်လုံးပြူးရသည်.. ။

ဘယ်ခွေးသူခိုးက မဟုတ်မဟပ် တွေ လာမွှေသွားပါလဲ မှတ်တယ်.. ဝေးဝေးလံလံ ပတ်ရှာရအုံးမယ်ထင်ထားတာ.. ။

လက်စသတ်တော့ အဲ့ ခွေးသူခိုးက ဇာနည် ဆိုပါလား..

" မောင်က အဲ့ကောင်ပြောတာ ယုံလား.. "

နောင်ရိုး ပြောရင်း ဆိုဖာခုံမှာသွားထိုင်လိုက်ရင်း အိတ်တွေကိုအသာချရသည်.. ။

" ယုံတယ်.. "

" ဟ.. မောင် အဲ့ကောင် သပ်သပ် ဒိန်းဒေါင်(ချွန်တွန်း) လုပ်တာကို ယုံနေရလား.. ကျုပ်က ခင်ဗျားယောကျာ်းဗျ ခင်ဗျား ယောကျာ်းကိုမယုံဘဲဘယ်က​လေကဝကို သွားယုံနေရတာလဲ.. ခင်ဗျားဟာက အမေကျော်ဒွေးတော်လွမ်း နေတာနဲ့တူနေပြီ "

" ဘာနဲ့တူတူ.. မင်းကမှမယုံရတာ ဇာနည် က ငါ့ကို လိမ်စရာအကြောင်းမရှိဘူး တစ်ခါမှလည်းအကြောင်းမဲ့သပ်သပ် မလိမ်ဖူးဘူး "

စကားပြောပုံကိုက.. ဒီကောင်က အကြောင်းရှိရှိနဲ့ လိမ်ဖူးတာကျနေတာပဲ ။

အယ်လေ.. တစ်ခါလိမ်ဖူးတယ်ထင်တယ် မဟုတ်ဘူး နှစ်ခါများလား

နောင်ရိုး ကိုယ့်အတွေးတွေတောင် ယောက်ယတ်ခတ်နေရပေမယ့်.. မောင့်ကို ပြန်ဟောက်မှရမည် ။

လင်ယောကျာ်းဖြစ်တဲ့ ဒီကောင်ကိုမယုံဘူးဆိုတော့..

" ကျစ်.. မောင်နော် ခင်ဗျား "

" ဘာလဲ.. ဘာဖြစ်လဲ ပြော ပြော မင်းတို့ယောကျာ်းတွေကလေ အဲ့လိုတွေချည်းပဲ မိန်းမရပြီးရင်စစချင်း ခြေကညိမ်ကုတ်သလား မမေးနဲ့.. အိမ်က မိန်းမမှ မိန်းမ ထင်သလိုလို ကမ္ဘာ ကြီးထင်ထားသလိုလိုနဲ့.. ဟော မိန်းမ က ကိုယ်ဝန်လည်းရရော ဖက်တီးလေးလည်းဖြစ်လာရော မိန်းမကို မိန်းမလို့မမြင်ဘဲ စည်ပိုင်းကြီးလို့မြင်လာကြတာ စိတ်တွေကလည်းကုန်လာပြန်ရောမလား.. ကုန်မှာပေါ့ မိန်းမ က အလှမှမရှိတော့တာ အထူးသဖြင့် ငါကပိုဆိုးပေါ့ အသက်ကလည်းကြီးတော့ ရုပ်ကကျနေပြီလေ.. ဒီအဘွားအိုမ ကိုတော့ အိမ်ထဲသော့ခတ်ပိတ်ပြီး သူကျအပြင်မှာဖလန်းဖလန်းထနေလိုက်တာ.. စောစောပြန်လာရဲ့သားနဲ့ ဘာ ကေတီဗွီကို အချိန်ပေးပြီး တကူးတက သွားနေတာပေါ့ "

သားကောင်Where stories live. Discover now