Part (2)

858 34 1
                                    

သားကောင်

🌸pann

Part (2)

" မောင် နင်ကလည်း စောနက အားနာစရာကြီး.. ဘယ်လိုကြီး ပြောချလိုက်တာလဲ "

ဟိုလူတွေနဲ့ ကျော်လာတော့ ထွန်းက မောင့်ကို ပြစ်တင်သံလေး ပြော ထွက်လာပြီ.. ။

" ​မောင်ဘယ်လိုပြောလိုက်လို့လဲ..အဲ့လူကို အဲ့ထက်တောင် ပြောဆိုသင့်တယ် "

" မောင်က အဲ့လူနဲ့သိလို့လား.. "

" သိတယ်လည်း မဟုတ်ပါဘူး.. ဒါပေမယ့် မသိဘူးလည်း မဟုတ်ဘူး "

" ဟမ်.. နင့်ဟာကြီးကလည်း ဘယ်လိုမျိုးလဲ "

" မောင် ဟိုတစ်ခါက ပြောဖူးတယ်လေ.. ဆိုင်မှာ ကဲကဲအတွဲ နဲ့တွေ့တယ်လို့ "

" ဟို လူမြင်ကွင်းမှာ ကြည့်မကောင်းတဲ့အတွဲလား.. "

မှတ်မိတာပေါ့.. တော်တန်ရုံဆို အတွဲတွေအကြောင်း မပြောထွက်တတ်တဲ့ မောင့်ဆီက ပထမဆုံး ကြားဖူးတာ ထွန်းက မေ့မလား ။

" အင်.. အဲ့အတွဲက ကောင်လေးက စောနကတစ်ယောက်ပဲ "

" ဟယ်.. ဟုတ်လို့လား မောင်ရဲ့ လူမှားနေဦးမယ် "

" မောင် မမှားနိုင်ပါဘူး.. အဲ့ရုပ် အဲ့အကြည့် အဲ့ပြီတီတီရုပ် ဘယ်လိုမှမမှားနိုင်ဘူး အဲ့လူမှအဲ့လူ"

" သေချာလှချည်လား မောင်ရဲ့.. "

" အဲ့လိုရုပ်က မှားစရာမှ မရှိတာ "

" ထားပါတော့.. အဲ့ဒါနဲ့ပဲ မချေမငံ ဆက်ဆံလိုက်တယ် ဆိုပါတော့ "

" ဟယ် ထွန်းကလည်း မောင့်ကိုဆို ပြောဖို့ဆို.. အဲ့လူကမှ မဟုတ်တာ မောင်ကလည်း ကောင်းကောင်း ဆက်ဆံရမှာလား မောင်ဒေါက်နဲ့တက်နင်းမိတယ်ဆိုတာ မှန်တယ် ဒါပေမယ့် သူ့လိုယောကျာ်းရင့်မာကြီးက မထနိုင်လောက်တဲ့ထိ မဟုတ်ဘူး.. မောင်စီးထားတဲ့ ဒေါက်ကိုလည်း ကြည့်ဦး အချွန်ကြီးမဟုတ်ဘူး နာတာတော့ နာမှာပဲဆိုတာ မောင်နားလည်ပါတယ်.. ဒါပေမယ့် အဲ့လူက အိုဗာတွေအရမ်းများတယ် စကားပြောလိုက်ရင် လူကို ဘယ်လိုကြီး ကြည့်နေမှန်းကို မသိဘူး မောင်သူ့အကြည့်တွေ မကြိုက်ဘူး "

သားကောင်Where stories live. Discover now