ဒီတစ်ခါတော့ တခေတ် သည်းမခံနိုင်တော့ပေ။ ဇော်ရဲဆိုတဲ့ တကောင့်သားက ခန္ဓာကိုယ်ကိုပါ လှုပ်နှိုးလာချေ၏။ ချက်ချင်း ဆက်ကနဲဆို ထထိုင်လျက်...

"နားကန်းနေလား မသာရဲ့...ကိုယ့်ဘာသာသွား............."

ထိုစကားကတော့ ထိုနေရာလေးမှာတင်ရပ်တန့်သွားပြီး တခေတ်ရဲ့ ပြူးကျယ်လာတဲ့ မျက်ဝန်းဝိုင်းလေးတွေနဲ့ ညိုယံကတော့ မျက်ဝန်းချင်းဆုံလို့နေလေပြီ။

တခေတ် ခေါင်းကို ဆက်ခနဲဘယ်ညာဆွဲခါလိုက်ပြီး လက်လေးနှစ်ဖက်ဖြင့် နားထင်တွေကို နှိပ်နေလေတော့...

"ကိုယ်ပြောပါတယ်...အကြာကြီးအိပ်နေရင် ခေါင်းကိုက်မယ်လို့...အခုတအားကိုက်နေလား??”

ညိုယံ စိုးရိမ်စွာ ပြောလိုက်သော်လည်း နားထင်တွေ ပွန်းပဲ့မတတ် နှိပ်မြဲတမ်း နှိပ်နေတဲ့ တခေတ်။

သူဟိုဘက် နိုင်ငံမှာရှိတုန်းက ထောင်ပေါင်းများစွာသော တခေတ်ပုံတွေ ရရှိခဲ့ပေမယ့် ဒီလိုအိပ်ယာထခါစ စုတ်ဖွားမှုန်တေပုံစံလေးတွေမှမပါတာ။ တကယ်ဆို...ဒီပုံစံလေးကမှ သိပ်အသည်းယားပြီး သိပ်ချစ်ဖို့ကောင်းတာလေ။

ညိုယံ ဘာမှဆက်မပြောတော့ဘဲ အသာလေး ဘေးနားထိုင်ကာသာ တ​ခေတ်၏ အိပ်ယာထခါစအလှကို တဝကြီး ထိုင်ကြည့်နေရန်ပြင်ခိုက်…

“မင်း!!!”

သူ့ဘေးနားထိုင်ချင်ရုံလေးပါဆို… လူကိုအော်ကာ လှစ်ခနဲဆို ကုတင်ပေါ်က ဆင်းပြေးသွားတဲ့ ဆရာလေး။

“မင်း!! အကျီမဝတ် ဘာမဝတ်နဲ့ ဆရာတစ်ယောက်ရှေ့မှာ အရှက်မရှိဘူးလား??”

ဆရာလေးစကားကြောင့် အခုမှ ညိုယံသူ့ကိုယ်သူပြန်ကြည့်မိလိုက်သည်။ တခေတ်နိုးလာရင် စားဖို့ Breakfastပြင်ဆင်ပေး‌ပြီးတော့ ရေချိုးမလို့ အကျီချွတ်ပြီးကာမှ နေမြင့်ရင် တခေတ်ခေါင်းမကြည်မှာစိုးတာကြောင့် တလက်စတည်းနှိုးလိုက်တာ……သူ့ကိုယ်ပေါ်မှာ အကျီရှိမရှိတောင် သတိမထားမိခဲ့ပေ။

သို့ပေမယ့် ချော်လဲရောထိုင်ချင်တဲ့ညိုယံတစ်ယောက်ကတော့ အပြုံးနက်ကြီးဖြင့်……

AllUDonde viven las historias. Descúbrelo ahora