Part-6

154 19 5
                                    

Zawgyi

Part-6

Suggest Song
Sia - Unstoppable

ရှောင်းကျန့်ဆီ အရှိန်နှင့်ပြေးဝင်လာသော ဆိုင်ကယ်သည် အနီးရောက်တော့ ရှောင်ပြီး ကျော်တက်သွားလေသည်။ ရုတ်တရက်မျက်လုံးဖွင့်ကြည့်လိုက်တော့ ဆိုင်ကယ်ကရပ်လိုက်ပြီး ထိုလူက ဆိုင်ကယ်ဦးထုတ်ကို ​အေးဆေးစွာ ချွတ်လိုက်ရင်း ရှောင်းကျန့်ကို စူးစိုက်စွာကြည့်ပြီး
တစ်လုံးချင်းပြောလိုက်သည်။

"ခင်ဗျား ဘယ်သူလဲ"
ရှောင်းကျန့်မှာတော့ မိမိကိုစူးစိုက်စွာကြည့်ပြီး အေးစက်မာကြောသောအသံဖြင့် မေးလာတဲ့ မျက်နှာကိုသာ ကြောင်အစွာ ငေးကြည့်နေသည်။ ထိုလူက ဆိုင်ကယ်ပေါ်က ဆင်းလာကာ ရှောင်းကျန့်ရှေ့ ရပ်လိုက်ပြီး...

"​ဟေ့လူ ခင်ဗျား ဘယ်သူလဲလို့"
ရှောင်းကျန့် ရုတ်တရက် အသိပြန်ဝင်လာပြီး
"ငါ..ငါက.."
"ကျစ်...ကုမ္ပဏီက ဘာတွေလုပ်နေတာလဲ"
"မဟုတ်ဘူး ငါက တကယ်တော့"
"ခင်ဗျား လာရာလမ်းအတိုင်း ပြန်လိုက်တော့"
ထိုလူက ပြောလဲပြော ဆိုင်ကယ်ပေါ်သို့ တက်သွားသည်။ ရှောင်းကျန့် နောက်ကနေ အပြေးလိုက်ကာ..
"ခဏ.ဝမ်ရိပေါ် ငါက.."
"ခင်ဗျားကျုပ်နာမည်ကို ဘယ်လိုသိတာလဲ"
"ငါပြောတာ ခဏနားထောင်ဦး ဝမ်ရိပေါ်"
"မြန်မြန်ပြောဗျာ နောက်က လိုက်လာတော့မှာ"
"ဟမ်..ဘယ်သူလိုက်လာမှာတုန်း"
"ခင်ဗျားနဲ့မဆိုင်ဘူး ခင်ဗျားပြောစရာရှိတာသာပြော"
"ငါက ရှောင်းကျန့် မင်းကိုကူညီဖို့ မင်းရဲ့ System ထဲဝင်လာတာ"

ဝမ်ရိပေါ် ရှောင်းကျန့် စကားကြောင့် ဟက်ဟက်ပက်ပက်ပင် ရယ်ချလိုက်သည်။ ရှောင်းကျန့် ရုတ်တရက် ကြောင်သွားသော်လည်း ဝမ်ရိပေါ်ကိုအတိုက်အခံစကားဆက်ပြောရန် စိတ်မပါတော့သောကြောင့် ငြိမ်နေလိုက်သည်။

"ခင်ဗျားက ဘယ်သူမို့ ကျုပ်ကို ကူညီမှာလဲ"
"ငါ ဘယ်သူလဲဆိုတာထက် မင်း System ထဲကထွက်ဖို့က ငါ့တာဝန်ပဲ"
"အာ..ရှောင်ကျန့် ရှောင်းကျန့်နော်..ခင်ဗျား လက်လျော့ code ရွတ်ပြီး ပြန်တော့"
"ဝမ်ရိပေါ် ခဏနေဦး"

ထိုစဉ် အဝေးကနေ ဝေါကနဲ မိုးခြုန်းသံလိုအသံကြီးတစ်ခုက တဖြည်းဖြည်း နီးကပ်လာသည်။ ရှောင်းကျန့်ကတော့ ဘာသံလဲဟု နားမလည်စွာ ရပ်ကြည့်နေတုန်း ဝမ်ရိပေါ်က
"ဟာ...ကွာ...ဟေ့လူ ဆိုင်ကယ်ပေါ်မြန်မြန်တက်ဗျာ"
"ဘာ..ဘာဖြစ်လို့လဲ"
"ရှောင်းကျန့် ခင်ဗျားသေချင်ရင်နေခဲ့လိုက်တော့"

You're not My Reverie, You're My RealWhere stories live. Discover now