" အေးပါ ခွဲတော့ ခွဲတော့.. "

" အဟက်.. "

နောင်ရိုး တကယ် ပြောမနိုင်တော့ဘူး.. ။

ခုံမှာအေးဆေးမထိုင်နေဘူး.. ကလေးတစ်ယောက်လိုပဲ အစားစားရဖို့ ရင်ခုန်စိတ်လှုပ်ရှား နေတဲ့ပုံစံလေးနဲ့..

ခြေထောက်နှစ်ချောင်းကလည်း လှုပ်ရွကစားနေတာ.. ။

နောင်ရိုး မောင့်ရဲ့ပုံစံလေးကိုငေးကြည့်ရင်း ဟက်ခနဲ တစ်ချက်ရယ်ရင်း ခေါင်းကိုအသာလေးလှုပ်ရမ်းမိသေးတယ်..

နောင်ရိုး အပေါ်ကုတ်ကိုချွတ်ပြီး ခုံအလွတ်တစ်ခုပေါ်မှာ တင်ထားလိုက်သည်.. ပြီး အင်္ကျီလက် နှစ်ဖက်စလုံးကို တံတောင်ဆစ်ထိ ခေါက်တင်ကာ လုပ်ငန်းစရသည် ။

ဓားတစ်လက်ယူကာ ဖရဲသီးခါးလယ်ပိုင်းကနေ ခွဲဖြတ်လိုက်သည်.. 

" မင်းကလည်း မြန်မြန် မြန်မြန် စိတ်လေ.. "

အဟွန်း.. ။

လက်ဟန်နဲ့ကို လုပ်ပြနေလိုက်တာက..

မောင်.. ခင်ဗျား ကိုယ်ဝန်လွယ်ထားတဲ့ ကိုယ်ဝန်သည်တစ်ယောက်ရော ဟုတ်ရဲ့လား ။

ကလေး အမေနဲ့ကိုမတူဘဲ တကယ့်ကလေးတစ်ယောက်အတိုင်း ပြုမူနေတာလေ.. ။

" စိတ်နေတာပဲကို ခင်ဗျားကလည်း.. "

" မင်း စိတ်နေတာက နှေးတုံ့နှေးကွေးနဲ့.. ငါ စိတ်မယ် ပေး ပေး "

ကြည့်.. ထပြီး  လက်ထဲက ဓားကို လာလုနေပြန်ပြီ ။

ထိရှကုန်တော့မှာပဲ.. မောင်ရာ ကျွတ် ။

" ဟာဗျာ.. နေရာမှာသာ အသာလေးထိုင်နေစမ်းပါ "

နောင်ရိုး ခုံမှာ ဇွတ်ကို အတင်းထိုင်ခိုင်းရတယ်.. ဒီမိန်းမ တကယ်ကိုယ်လေးလက်ဝန် ဖြစ်နေတာရောဟုတ်ရဲ့လား လို့ သံသယ ဝင်မိရတဲ့အထိပဲ.. ။

ထစ်ခနဲဆို လစ်ခနဲ လစ်ခနဲနဲ့ လေပူပေါင်းအတိုင်းပေါ့ပါးနေလိုက်တာ..

" မောင် ငြိမ်ငြိမ်လေးထိုင်နေပေး ကျွန်တော်လုပ်ပေးမယ်.. အိုခေ "

" ကျွတ်.. အေ အေး "

နောင်ရိုးကို စိတ်မရှည်တဲ့ လေသံကြီးနဲ့ ပြောနေတာ.. ။

သားကောင်Where stories live. Discover now