🤍 အပိုင်း 1 🤍

Start from the beginning
                                    

အိပ်ရာသိမ်းပြီးသွားတော့ ခပ်သုတ်သုတ် ခြေလှမ်းတွေနဲ့ အခန်းတံခါးအဖြစ်ကာရံထားသည့် လိုက်ကာလေးကို ဆွဲဖယ်ပြီး
အပြင်ထွက်တော့ ရေချိုးပြီးထွက်လာ
သည့် ကိုကိုနှင့် တိုက်မိသည်.....

ရေစက်လေးတွေ တွဲလွဲခိုနေပြီး အေးစက်နေသည့် ကိုကို့ရင်ဘတ်ဆီမှ Lux ဆပ်ပြာနံ့လေးကလဲ သင်းနေသည်....

မ၀ံ့မရဲနဲ့ ကိုကို့ ကို မော့ကြည့်တော့ ကိုကိုက တည်တင်းနေသည့် မျက်၀န်းများဖြင့်
ခခ ကို ကြည့်နေသည်..... ကိုကို့ အကြည့်များက ခခအား အမြဲပြာယာခတ်နေတာပဲ
ဆိုသည့် အဓိပ္ပါယ် အား ခခ ဘာသာမပြန်လဲ နားလည်နေပါသည်.....

"ဟို ကိုကို ရေချိုးပြီးသွားပြီလား "

"အခုငါ့ပုံစံကို မင်းမမြင်ဘူးလား "

ကိုကို့ စကားကြောင့် ခခ နှုတ်ခမ်းလေး ဆူလိုက်မိပြီး ......

"ကိုကိုကလဲ ဒီအတိုင်း ချိုးပြီးသွားပြီလို့ ပြန်ဖြေရင်ရနေတာကို "

"ငါ့ရှေ့ကဖယ် "

ကိုကိုက ဖယ်ဆိုတာနဲ့ ခခ ကိုယ်လေးက အလိုလို ဘေးကို ဖယ်လိုက်ပြီးသားပင်....

ကိုကို အခန်းထဲ ပြန်၀င်သွားမှ ခခလဲ မျက်နှာသစ်သည့် နောက်ဖေးမှ အုတ်ကန်စီပြေးရသည်.....

ကိုကိုတို့အိမ်က ဆင်ခြေဖုံး ရပ်ကွက်တစ်ခုက ခြံ၀ိုင်းလေးနှင့် နှစ်ထပ် အုတ်ခံ
ပျဥ်ထောင်အိမ် ဖြစ်သည်......

အောက်က အုတ်ခံ အပေါ်ထပ်ကတော့
ပျဥ်ထောင်နှင့် ဖြစ်သည်..... ရေချိုးခန်း အိမ်သာက အိမ်ထဲမှာ မရှိဘဲ သပ်သပ်စီ ဖြစ်သည်.....

ရေချိုးသည့်နေရာဆိုလဲ အုတ်ကန်တစ်ကန်နှင့် ဟာလာဟင်းလင်းကြီးမှာ ချိုးရတာ ဖြစ်သည်......

လေဆာသွားတိုက်ဆေးကို သွားပွတ်တံပေါ် မြန်မြန်ညှစ်ထည့်ပြီး သွားကို မြန်မြန်သွက်သွက်တိုက်ကာ မျက်နှာ မြန်မြန်သစ်ရသည်.....

ခခ မျက်နှာသစ်ပြီး ရေတောင်မသုတ်နိုင် မီးဖိုချောင်ထဲ၀င်ပြီး လှန်လှောကြည့်တော့ အမေက ထမင်းကြော်သွားသည်.....

ကိုကို့ အတွက်ကြက်ဥ တစ်လုံးမြန်မြန်ကြော်ပေးပြီး ထမင်းကြော်ပန်းကန်ပေါ် ပုံပေးလိုက်သည် ..... ပြီးတော့ ကိုကိုက မနက်တိုင်း ကော်ဖီတစ်ခွက်သောက်နေကျမို့ ပရီမီယာ 3 in 1 ကော်ဖီထုတ်ကို ခွက်ထဲ ဖောက်ထည့်ပြီး ရေနွေးအနည်းငယ်နဲ့ ဖျော်လိုက်သည်....

🤍 Unrequited Love Means 🤍Where stories live. Discover now