🤍 အပိုင်း 17 🤍

15.3K 498 0
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 17 🤍

ဗိုက်လေးတကားကားနှင့် တကုတ်ကုတ်ဖြင့် အလုပ်ရှုပ်နေသော ခခကို
ကြည့်ပြီး မိုးစျေ မျက်ခုံးတွန့်လိုက်မိသည်....

အမြွှာကိုယ်၀န်မို့ 7 လဗိုက်လေးက တော်တော်လေးတောင် လုံး၀န်းပြီး ရှေ့ကို
စူထွက်နေပြီဖြစ်သည်.....

"ခခရယ် အခန်းထဲ၀င်လိုက်ထွက်လိုက်နဲ့ ဘာတွေအလုပ်ရှုပ်နေတာလဲကွာ "

သူပြောလိုက်မှ လက်ကလေး နောက်ပစ်ပြီး ဟီးခနဲ ရယ်ပြသည်.....

"ကိုကို့ဆီလာဦး "

လာဦးဆိုတော့လဲ လာရှာသည်....

ထိုအခါမှ မိုးစျေမှာ သူ့အနားလာထိုင်
သည့် ခန္ဓာကိုယ် ဖောင်းဖောင်းအိအိလေးကို သိုင်းဖက်လိုက်ပြီး လည်တိုင်လေးဆီ မျက်နှာအပ်ကာ နမ်းရှိုက်နေမိသည် .....

"ပြောပါဦး တလှုပ်လှုပ်နဲ့ ဘာတွေအလုပ်ရှုပ်နေတာလဲ "

"မနက်ဖြန် မိုးစွေ မွေးနေ့လေ ကိုကိုရဲ့ .... အဲ့တာ အမေက မနက်ဖြန် မိုးစွေ သူငယ်ချင်းတွေကို ဖိတ်ပြီး အိမ်မှာ ကြာဇံကြော်နဲ့ အအေး ကျွေးမို့တဲ့ "

"အွန်းလေ အဲ့တာကိုကိုသိတယ်လေ ...  ကိုကို အခုမေးနေတာ ခခ အခန်းထဲ ၀င်လိုက်ထွက်လိုက်နဲ့ ဘာတွေလုပ်နေတာလဲ လို့ မေးတာ "

"ကိုကိုကလဲ ၀င်လိုက်ထွက်လိုက် မလုပ်ပါဘူးနော် .... ခုဏက အခန်းထဲ တစ်ခါလေးပဲ တိပ်ပြန်လာယူတာကို "

"တိပ်? တိပ်က ဘာလုပ်ဖို့လဲ "

"မိုးစွေကို မွေးနေ့လက်ဆောင်ပေးဖို့လေ ထုတ်နေတာ ..... ကိုကိုက အစ်ကိုဖြစ်ပြီး မေ့နေတာမလား .....ကိုကြီးဝေနဲ့ မမ
မေပယ်လ်တောင် လက်ဆောင်ပြင်ထားတယ် သိလား .... "

"အဲ့တော့ ခခကရော ဘာလက်ဆောင်ပြင်ထားလဲ "

"ဟီး မိုးစွေက မကြာခင် အစိုးရစစ် စာမေးပွဲဖြေရတော့မှာမလား .... အဲ့တော့ စာမေးပွဲဖြေရင် နာရီလေးတစ်လုံး ကောင်းကောင်း ရှိသင့်တယ်လေ ဟုတ်တယ်မလား ကိုကို .... အဲ့တာကြောင့် လမ်းထိပ်က စိန်ဂေဟာကနေ နာရီလေး၀ယ်ပြီး ထုတ်နေတာ..... "

🤍 Unrequited Love Means 🤍Where stories live. Discover now