🤍 အပိုင်း 14 🤍

15.8K 489 1
                                    

Unicode:

Unrequited Love Means~

🤍 အပိုင်း 14 🤍

"ကိုကို ခခ က မြေအိုးမြှီးရှည်စားချင်တာ.... "

"မြေအိုးမြှီးရှည်က ပူပူလောင်လောင်ကြီးနဲ့ အဆင်မပြေပါဘူးကွာ ....  ရှမ်းခေါက်ဆွဲပဲစား .... ကိုကို တို့ဟူးကြော်နဲ့ကြက်အရေခွံကြော်၀ယ်​ကျွေးမယ်လေနော် ...... "

"ကိုကိုကလဲ ..... "

ကိုကိုနဲ့ ခခကြား ဗျာများနေတဲ့ စားပွဲထိုးလေးက ....

"ဟို အစ်ကိုတို့ ရှမ်းခေါက်ဆွဲလား မြေအိုးမြှီးရှည်လားဗျ "

"ရှမ်းခေါက်ဆွဲပဲပေးညီလေး .... ရှမ်းခေါက်ဆွဲ ၂ပွဲ တို့ဟူးကြော်တစ်ပွဲ ကြက်အရေခွံကြော် တစ်ပွဲ "

"ဟုတ်ကဲ့ ဟုတ်ကဲ့ "

စားပွဲထိုးလေးထွက်သွားတော့မှ ခခတစ်ယောက် နှုတ်ခမ်းစူပါတော့သည် ......

နှုတ်ခမ်းပါးလေးကို ဘဲနှုတ်ခမ်းလို စူထော်ကာ မျက်နှာတစ်ဖက်လှည့်ပြီး ကောက်နေသော ကောင်မလေးကိုကြည့်ပြီး မိုးစျေ ဟက်ခနဲ ရယ်လိုက်မိသည် .....

တစ်ရှူးဘူးထဲက တစ်ရှူးအနည်းငယ်ကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်ကိုသုတ်လိုက်သည်....... ပြီးတော့ ရေနွေးဖန်ခွက်လေး နှစ်ခွက်ထဲကို ရေနွေးငှဲ့ပြီး တစ်ခွက်ကိုယူကာ အေးသွားအောင်မှုတ်ပေးပြီး
စိတ်ကောက်နေတဲ့ ကောင်မလေး နှုတ်ခမ်းနား ကပ်ပေးလိုက်သည်.....

"သောက်ဘူး "

"တကယ်မသောက်ဘူးလား "

"အွန်း "

"အဲ့တာဆိုလဲ သွန်ပစ်လိုက်တော့မယ်ကွာ.... ကိုကိုက ခခသောက်ဖို့ဆိုပြီး တကူးတက အအေးခံပေးခဲ့တာကို ခခကမသောက်ဘူးဆိုတော့ တကယ် စိတ်မကောင်းစရာဘဲ "

"ဟင့် ကိုကိုကအမြဲ အဲ့အတိုင်းပဲ ပေးပေး ဒီကို ..... "

မိုးစျေ သွန်ပစ်ဟန်ပြုတာနှင့် ရေနွေးခွက်ကို ဆွဲယူပြီး တစ်ခါထဲမော့သောက်လိုက်သော ချစ်ဇနီးလေး.......

"ခခက မြေအိုးမြှီးရှည်စားချင်တာကို ကိုကိုကလဲ "

"မြေအိုးမြှီးရှည်က ပူပူစပ်စပ်ကြီးလေကွာ..... ခခ စားလိုက်ရင် အထဲက ကလေးလေးတွေ အနေရခက်ကုန်မှာပေါ့လို့ ..... ဒီဆိုင်က ရှမ်းခေါက်ဆွဲက
အရမ်း နာမည်ကြီးတာ ..... ခခကို ကျွေးချင်လွန်းလို့ ကိုကို့မှာ ခေါ်လာခဲ့ရတာကို ရှမ်းခေါက်ဆွဲပဲ စားနော် .... ကိုကို့ခခလေးက လိမ္မာပါတယ်ကွာ ....."

🤍 Unrequited Love Means 🤍Where stories live. Discover now