"yaa~"
"yaa?? အခုဘယ်သူ့ကိုလာပြီးအော်နေတာတုန်း"
"ပါ့ခ်ဂျီမင်ကိုလေ~ အဟစ်"
သူကျေနပ်နေတော့အဟစ်ဆိုပြီးအသံသေးသေးလေးကပါသေးတယ်။ကိုယ်ကလည်းသူကျေနပ်တော့ပျော်ရတာပါပဲ။
"နာမည်ပြောင်းခေါ်ချည် နောက်တစ်ခါပါ့ခ်ဂျီမင်လို့ခေါ်ရင်
နမ်းမှာနော်"နှာခေါင်းချင်းထိလုနီးနီးအနားကပ်သွားပြီးခြိမ်းခြောက်ကြည့်
တော့ဘာပြန်ပြောတယ်ထင်ပါသလဲ။"ပါ့ခ်ဂျီမင်ကိုချစ်တယ်" တဲ့
"ဟာ! အနမ်းခံချင်နေတာမလား <kiss> <kiss> "
ဖျစ်ညှစ်ဖက်ပြီးနှုတ်ခမ်းကိုအသံထွက်အောင်ဆက်တိုက်နမ်း
ပစ်တော့ ကိုယ့်လည်တိုင်ကိုပြန်ဖက်တွယ်ရင်းအနမ်းတို့ကို
ထပ်တူတုံ့ပြန်လာတော့သည်။~~~~~~~~~
"အာပါး~ နေလို့ကောင်းရဲ့လား.....""အာအီဂူး...သေချာနားပြီးမှလာလို့ပြောတာကိုစောလာလိုက်
သေးတယ်ကြည့်""မဟုတ်ပါဘူး....သမီးနားပြီးသွားပါပြီ အာပါးကိုဂရုစိုက်ပေး
ရဦးမှာလေ""အမယ်...အာပါးကနောက်သုံးရက်ဆိုဆေးရုံဆင်းလို့ရပြီတဲ့
ဒီမှာကြည့် နင်အဖေ့အမာကြီးရှိသေးတယ်ဟဲ့"လက်မောင်းကြွက်သားတွေညှစ်ပြတဲ့ပုံစံလုပ်တော့ မနိုင်ဘူး
လို့ခါင်းခါရင်းသားအဖတွေရယ်ရယ်မောမောပြန်ဖြစ်လာတော့
သည်။"တော်သေးတာပေါ့ သမီးဘယ်လောက်တောင်စိတ်ပူသွားရတယ်ထင်လဲ~ အာပါးတစ်ခုခုဖြစ်သွားရင်ဆိုပြီးတွေးမိလိုက်
တိုင်းကြောက်လွန်းလို့ ရူးသွားမလားတောင်ထင်ရတယ်""အေးပါ~ နောက်ဆိုအာပါးကကိုယ့်ကျန်းမာရေးကိုယ်သေချာဂရုစိုက်မယ်နော် ဒါမှငါ့သမီးလေးစိတ်မဆင်းရဲရအောင်"
ကိုယ့်ခေါင်းကိုခပ်ဖွဖွပွတ်သပ်ပေးရင်း ပွေ့ဖက်တဲ့အထိအတွေ့ကိုသိတော့မှပဲတစ်ချိန်ကုန်စိုးရိမ်ပူပန်ခဲ့ရတာတွေပျောက်
ကုန်တော့သည်။တကယ်ပါ...နှစ်ယောက်တည်းပဲရှိတော့တဲ့အချိန်မှာအာပါးသာမရှိတော့ရင်သူအသက်ရှင်ရတာလုံးဝကိုအဓိပ္ပါယ်မဲ့သွားတော့မှာ။
Final
Start from the beginning