[11] Easy to break, easy to fall

Start from the beginning
                                    

သူ အဲ့ဒီစကားနဲ့ Afa ကို အရှက်ရစေချင်ပုံရသည် ။
ဒါပေမယ့် ဘယ်လိုလုပ်မလဲ ?
Afa တုံ့ပြန်ဖို့ စိတ်ကူးမရှိ ။

သူဟာ လှတာအမှန်ပဲဖြစ်သည် ။
Afa ဟာ သူ့အပေါ် ရင်ခုန်မိသွားတာလဲ အမှန်ပဲဖြစ်သည် ။
အဲဒီအတွက် Afa ရှုံးသည် ။
သူ ပြောတာခံရုံပေါ့ ။

ငြိမ်သက်စွာ သူ့ကိုငေးကြည့်နေတဲ့ ကျွန်ငယ်လေးအား သူစိတ်မရှည်ဖြစ်ပုံရ၏ ။
လက်ထဲမှ စာအုပ်ကိုဘေးမှာချကာ အိပ်ယာပေါ်မှ ဆင်းလာတော့သည် ။ သူနဲ့ တဖြေးဖြေး နီးကပ်လာသည်နှင့်အမျှ Afa သည် ထွက်ပြေးချင်သော စိတ်ကိုအားကုန်ထိန်းထားရလေသည် ။

ဒီကနေ့ည Afa. ရဲ့ ကံကြမ္မာဟာ သူ့လက်ထဲမှာ ... ။ သူများတွေ တီးတိုးပြောဆိုနေကြသလို မသင့်လျော်တဲ့နည်းနဲ့ ကစားစရာလေးပဲဖြစ်လေမလား ? ဒါမှမဟုတ် မသင့်လျော်တဲ့ ဘွဲ့နာမည်နဲ့ လိင်ကျွန်တစ်ယောက်ပဲဖြစ်သွားမလား ?

ဘယ်လိုပဲတွေးတွေး သူ့ရဲ့အိပ်ဆောင်ထဲကို ကျွန်တစ်ယောက်ကို ညဖက်ခေါ်သွင်းတယ်ဆိုတာဟာ ပုံမှန်မဟုတ်ဘူး မဟုတ်လား ။

ထိုအခိုက်တန့်အတွင်း Afa ရဲ့ခေါင်းထဲ သွေးပျက်ဖွယ်အတွေးတွေသာ ပေါ်‌ပေါက်လာ၏ ။ သူ မလုပ်ဘူးလို့ မဆိုနိုင် ။ Xavia Ash သည် နတ်သားကလေးနှယ် မျက်နှာပေးနဲ့ နတ်ဆိုးဝင်စားသူပင် ။

Ash : " ကိုယ်တော့်ကို မထီမဲ့မြင်ပြုတဲ့ မင်းရဲ့အပြစ်ဒဏ်က . . . "

တည်ငြိမ်သောအသံတွေမှာ ဘာကိုမှအဓိပ္ပါယ်မဖော်နိုင် ။ တောင့်တင်းစွာငြိမ်သက်နေသော Afa ရဲ့ မျက်နှာချင်းဆိုင်မှာ သူ ခြေစုံရပ်လိုက်သည် ။ ထို့နောက် စကားကို ဆွဲဆွဲငင်ငင်ဆိုရင်း ခါးကိုကိုင်းကာ Afa ၏ မျက်နှာအနားသို့ တဖြေးဖြေးတိုးကပ်လာ၏ ။

နီးကပ်လာသည့် နက်မှောင်သော မျက်ဝန်းတွေကို ပြူးကြောင်ငေးမောနေမိတဲ့ Afa သည် လှည့်ဖြားသူ၏ မာယာကျော့ကွင်းထဲ သက်ဆင်းသွားမိသလို ... ။

အေးစက်စက် အကြည့်တွေက မျက်ဝန်းညိုတွေဆီကနေ နှုတ်ခမ်းပါး‌တွေဆီသို့ ရွေ့လျားသွားတာကို သိသည် ။ သတိတွေရှိပေမယ့် ရှောင်တိမ်းဖို့ အားမရှိ ။ ထိကပ်လုနီးပါး အခြေအနေမို့ သူ့ဆီမှ လေပူနွေးနွေးကို ခံစားမိတဲ့အခါ မသင့်လျော်တဲ့အိပ်မက်တွေကို မြင်ယောင်လာသည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now