[11] Easy to break, easy to fall

Start from the beginning
                                    

" အနားလာခဲ့ "

သိပ်ကိုလွယ်သည် . . . ။
အမိန့်တစ်ခွန်းတည်းနဲ့ ကျွန်မကလေးသည် သူ့အနားကိုရောက်ရ၏ ။
Xavia ဧကရာဇ်အတွက် Afa လို ဖြစ်တည်မှုလေးက သိပ်ကိုလွယ်သည် ။

အဆောင်တော်ကြီးထဲ ဝင်သွားပြီး သလွန်ခြေရင်းတွင် Afa ရပ်နေလိုက်သည် ။
တစ်လျောက်လုံး သူ့မျက်နှာလှလှကို မကြည့်ခဲ့ ။
ကြမ်းပြင်ပေါ်၌ ခင်းထားသော တန်ဖိုးကြီး ကောဇောကိုသာ ကမ္ဘာပေါ်မှာစိတ်ဝင်စားစရာအကောင်းဆုံးအရာတစ်ခုသဖွယ် ငုံ့ကြည့်နေလိုက်သည် ။
အာရုံတွေကို လွှဲနေသော်လည်း အကြည့်စူးစူးတစ်စုံက လစ်လျှူရှုလို့မရအောင် လောင်မြိုက်၏ ။

Ash : " မင်း . . .မင်းရဲ့ ပုံစံကိုက ငါကိုယ်တော်ရဲ့ စိတ်ကိုဆွနေတာပဲ အနားလာစမ်း !!! "

မလှုပ်မယှက် ကျောက်ဖြစ်နေတဲ့ Afa အား သူအော်လေသည် ။

သူ၏ အသံက ကြောက်မက်ဖွယ်ကောင်းသည့်အပြင် ‌အသံ၏အဆုံး၌ကပ်ပါလာသော အမျက်ဒေါသ၏ အငွေ့အသက်ပူပူတို့က အရာရာကို ပြာဖြစ်စေနိုင်သည် ။
အရိပ်အကဲသိတတ်တဲ့ အဆောင်ထဲမှ အစေခံတို့မှာ မသိမသာအပြင်သို့ အသီးသီး ထွက်ခွာသွားကြတော့သည် ။
သူ့ရဲ့အနား ကြာကြာနေလျှင် အမျက်တော်ရှခံရပြီး ပြာကျသွားမှာစိုးကြသည့်အလား ... ။ ဒါကြောင့်လဲ သူ၏အမည်နာမဟာ Ash (ပြာမှုန်) ဟု တွင်တာနေမည် ။

မကြာလိုက် , အ‌ဆောင်ကြီးထဲ၌ သူနှင့် Afa နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည် ။ Afa ဂါဝန်စကို ကျစ်ကျစ်ဆုပ်ကာ သလွန်အနက်ကြီး၏အနားသို့ ဖြေးညှင်းစွာ တိုးကပ်သွားလိုက်သည် ။

Ash : " ဒီကိုကြည့် ! "

ထိုသို့ တစ်ခွန်းသာမိန့်သည် ။
Afa သူ့ကို ကြည့်လိုက်သည် ။
ဆန်းပြားစွာ သူ၏မျက်နှာသည် စိတ်ကျေနပ်နေသယောင် ... ကြည်လင်နေခဲ့၏ ။ ထင်ထားသလောက် ‌အမျက်ထွက်နေပုံမရ ။

အနီးကပ်မြင်ရတာမို့ ဆွဲဆောင်မှုတွေ နှစ်ဆတိုးသည် ။ ရုတ်တရက်မို့ တစ်ကိုယ်လုံး ကျဉ်ကာစူးအောင့်သွားသလို ... Afa သည် အသက်ရှူဖို့ပင် မေ့လျော့သွားရ၏ ။

ဒါကို သူသတိထားမိပုံရကာ ခပ်မဲ့မဲ့ပြုံးကာ ဆိုသည် ။

Ash : " ဟင်း ! ကျီးမျိုးတွေက လှပတဲ့အရာတွေကိုတွေ့ရင် မနေနိုင်ကြဘူးတဲ့ . . . မင်းရောတူတူပဲ စိတ်ပျက်စရာသိပ်ကောင်းတယ် "

Days of Counting Camellia (Hiatus)Where stories live. Discover now