"ငါမင်းကိုဘာမှမပြောတော့ဘူး.........မင်းဘာမင်းကြိုက်တာကိုသာလုပ်တော့.......ငါဘာမှလည်းမပြောတော့သလိုပြောချင်စိတ်လည်းမရှိတော့ဘူး.......မင်းနဲ့လည်းစကားပြောချင်စိတ်မရှိတော့တာမို့မင်းအိမ်ပြန်ချင်လည်းပြန်နေချင်လည်းဆက်နေ......ကြိုက်တာသာလုပ်......."

မင်းတွေငါတွေအထိကိုသုံး​ပီးသွေးအေးစွာဆိုလာတဲ့ကိုကို့ရဲ့စကားတွေကြောင့်သေချင်စော်နံနေတာတော့အမှန်ပါ။ကိုကိုရဲ့အသံကတစ်စက်လေးမှမာမသွားဘဲပုံမှန်လေသံလေးနဲ့ပြောနေတာကိုကကြောက်စရာကောင်းလွန်းပါသည်။

ထထွက်သွားဖို့လုပ်နေတဲ့ကိုကို့ရဲ့လက်ကောက်ဝတ်လေးကိုဖွဖွလေးဆုပ်ကိုင်လိုက်ပြီး.......

"ကျွန်တော်မှားပါတယ်ကိုကိုရယ်.........တောင်းပန်ပါတယ်နော်.........နောက်တစ်ခါဒီလိုမဆိုးတော့ပါဘူးနော်......ကိုကိုမကြိုက်တာတွေကိုလည်းမလုပ်တော့ဘူးမို့ဒီတစ်ခေါက်ပဲခွင့်လွှတ်ပေးပါကိုကိုရယ်နော်........ကျွန်တော်ကြောက်တယ်........ကိုကိုကျွန်တော့်ကိုစိတ်ဆိုးမှာကိုကြောက်တယ်"

"ဖယ်.......ဂျောင်ကုနောက်တစ်ကြိမ်ဆိုတာရှိတော့မှာမဟုတ်လို့ငါ့လက်ကိုလွှတ်လိုက်တော့.......ငါစိတ်ဆိုးမှာကိုကြောက်ရင်အစကတည်းကမကြိုက်တာကိုမလုပ်ဘဲနေခဲ့ရမှာလေ........ခုတော့နောက်ကျသွားပြီ......ဖယ်တော့ဂျောင်ကုငါနားတော့မယ်......ငါမင်းကြောင့်တစ်ညလုံးမအိပ်ရသေးတာသိလား......."

ဘယ်လိုသူ့ကြောင့်ကိုကိုတစ်ညလုံးမအိပ်ရသေးဘူးတဲ့။အမှတ်တမဲ့အပြင်ဘက်ကိုလှည့်ကြည့်လိုက်တော့လှမ်းထားတဲ့အိပ်ယာခင်းနဲ့စောင်ဖြူဖြူလေးတွေ........ပြီးတော့ကိုကို့ရဲ့အကျီတွေ.......ဒါဆိုသူညကကိုကို့အိပ်ယာပေါ်မှာအန်ချခဲ့မိတာပေါ့။တွေးရင်းနဲ့လှည့်ကြည့်မိတော့အစ်ကိုရှိမနေတော့ပါ။

ဒါကြောင့်အစ်ကို့ကိုလိုက်ချော့ရန်အိမ်အပေါ်ထပ်ကိုပြေးအတက်.......အောက်ဆုံးလှေကားကိုမမြင်မိဘဲဝင်တတ်တော့နာကျင်မှုကစူးကနဲ။ငုံ့ကြည့်လိုက်တော့ခြေမကွဲသွားသည်။ဒါတွေမရေးမကြီးသေးဘူး....သူအစ်ကို့ကိုလိုက်ချော့ရဉီးမှာ......

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Kde žijí příběhy. Začni objevovat