ခုတော့သူမကြိုက်ဘူးလို့ပြောတဲ့အရာကိုမှကိုယ်ကတည့်တည့်ကြီးသွားတိုးမိတာကို။သူများအတွဲတွေလိုစိတ်ဆိုးရင်ချော့ရအောင်လည်းကင်ဆော့ဂျင်ဆိုတဲ့လူကအဆန်း......။

ခုလောလောဆယ်တော့မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးအောက်ကိုသာဆင်းလာခဲ့တော့သည်။ဒီနေ့မနက်စာကတော့အေးစက်နေတော့မှာအသေချာ........

ထင်တဲ့အတိုင်းပါဘဲသူဆင်းလာတာသိတဲ့အစ်ကိုကနည်းနည်းလေးမှလှည့်မကြည့်ဘဲလုပ်စရာရှိတာဆက်လုပ်နေသည်။သူလည်းရေခဲသေတ္တာထဲကနို့ဘူးယူပြီးစားပွဲခုံပေါ်မှာတိတ်တိတ်လေးသွားထိုင်နေလိုက်သည်။

အားတိုင်းလည်းခဏခဏလာနေကြမို့အိမ်မှာဘယ်နေရာမှာဘာရှိတယ်ဆိုတာကအစသိနေတာမို့ကိုယ့်အိမ်လိုတောင်ဖြစ်နေတာကြာပေါ့။ဒီအိမ်မှာရှာကြည့်ရင်ကိုယ့်အဝတ်အစားတွေတောင်တွေ့ဉီးမှာ။အိမ်ကိုလာတတ်တဲ့သူ့ကြောင့်နဂိုကဘာမှမရှိမနေနဲ့ရေခဲသေတ္တာလေးကသူ့အကြိုက်မုန့်လေးတွေနို့ဘူးတွေနဲ့တောင်ပြည့်နေပေါ့။

အတွေးစတွေကရှေ့မှာလာချတဲ့အငွေ့တထောင်းထောင်းနဲ့ဟင်းရည်ပန်းကန်ကြောင့်ပျောက်သွားရသည်။မဝံ့မရဲနဲ့မျက်လုံးလေးလှန်ကြည့်လိုက်တော့သူ့ကိုကြည့်နေတဲ့အကြည့်စူးစူးတွေနဲ့သွားဆုံသည်။သူလည်းကြောက်အားလန့်အားနဲ့ခေါင်းကိုချက်ချင်းပြန်ငုံ့မိသည်။လေထုကြီးကလည်းဒီနေ့မှအေးစက်နေသလို။

ထမင်းသာစားနေရတာခေါင်းကိုလုံးဝမော်မကြည့်ရသေးတာမို့ကိုကိုဘာတွေစားနေလို့ဘယ်လိုပုံစံဖြစ်နေတယ်ဆိုတာတောင်သူမသိပါ။ထမင်းစားရင်တိတ်ဆိတ်နေတဲ့အခြေအနေကြီးကိုမနစ်မြို့တဲ့သူ့စိတ်ကြောင့်.......

"ကို.....ကိုကို......."

မဝံ့မရဲနဲ့မျက်လုံးလေးလှန်ပြီးခေါ်လိုက်တော့ပြန်ကြည့်လာတဲ့ထိုလူသား။မျက်ဝန်းတွေကတော့အေးစက်လွန်းပါသည်။

"ကျွန်တော်တောင်းပန်ပါတယ်.....ကျွန်တော်သောက်ချင်လို့သောက်တာမဟုတ်ပါဘူး.........မနေ့ကစီနီယာတွေက.........."

"တော်တော့ဂျောင်ကု......."

ကိုကိုကသူ့ကိုဂျောင်ကုလို့ခေါ်တာနဲ့တင်ကိုသူသေချင်နေပြီ။ကိုကိုကသူ့ကိုဆိုပေါက်စလေး၊ကလေးငယ်၊ယုန်ပေါက်လေး၊ဖက်ထုပ်လေးတစ်ခါတစ်လေဆိုးမိရင်ခွေးပေါက်လေးထိုသို့သောနာမ်စားလေးတွေနဲ့ကလွဲလို့ဘယ်တော့မှနာမည်မခေါ်ပါ။ဒီလိုနာမည်ခေါ်တာကြားတာနဲ့တင်ကိုကိုဘယ်လောက်စိတ်တိုနေလည်းသိပါသည်။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now