၁၄

8.7K 556 15
                                    

အခန်း ၁၄

သူမက အခုချိန်မှာလူသားတစ်ယောက်လိုမျိုး အတိကျခံစားနေတယ် ။ ခြေလမ်းတွေက လေးနေ‌တယ် ။ လမ်းလျှောက်ရတာ ခက်လိုက်တာ ။ အဲ့ဒီအချိန် ဘေးက အားကစားလုပ်နေတဲ့ လူတစ်ယောက်ပြေးသွားတယ် ။ ကမ္ဘာဆွဲအားက အဲ့လောက်ကြီး လူအပေါ်ကို သက်ရောက်နေတဲ့ ကိစ္စကို ဘယ်လိုလုပ်အဲ့လိုသွက်သွက်လက်လက်ကြီး ပြေးလွှားနေနိုင်ရတာလဲ ။

ဒါအီက ခရီးသွား နေလို့ ဒီမှာမရှိတာကြောင့် သူမ ဒီပုံစံအတိုင်း သုံး‌ရက်လောက်နေရဦးမယ်တဲ့လေ ။ ဒါအီ့ဆီက ဆေးညွှန်းတောင်းပြီး တချို့ဟာတွေ၀ယ်သောက်ထားတာကြောင့် အမှောင်ဓာတ်ကို ခန္ဓာကိုယ်ထဲမှာပဲ ထိန်းထားလို့ရပြီး သူများကို မကူးနိုင်အောင် တားထားနိုင်ပြီမို့လို့ ဒီနေ့တော့ ဖြူ့ကိုတွေ့ဖို့လာခဲ့သည် ။

ဆေးရောင်းပေးတဲ့ကောင်ကိုလည်း အရမ်းဆဲချင်နေသည် ။ ဘ၀အတူတူချင်းပဲကို ဈေးတွေအရမ်းမြှင့်ပြီး ရိုက်စားလုပ်သွားသည် ။ အခုတော့ ဖြူ့ကိုသွားတွေ့မဲ့ လမ်းမှာ ရေခဲမုန့်တောင် ၀င်မ၀ယ်နိုင်တော့လောက်အောင် မွဲသွားပြီ ။

"F**k ! "

ကံကြမ္မာကတော့လေ အကုသိုလ်၀င်ပြီဆိုရင် အလုံးနဲ့အရင်းနဲ့ကို ၀င်တော့တာပဲ ။ ဖြူ့အိမ်ရှေ့အရောက်မှာ အဲ့ဒီကားကိုတွေ့တယ် ၊ အဲ့တာကသေချာပေါက် အရင်တစ်ခါ ဖြူ့ကို လက်ထပ်ချင်ပါတယ်ဆိုတဲ့ကောင်ပဲ ။ စုံစမ်းထားတာမို့လို့ သေချာသိနေသည် ။

"F**k ပဲဟေ့ ! "

ဘေးမှာတွေ့တဲ့ ကိုလာဗူးခွံကို လှမ်းကန်တာတောင် ခန္ဓာကိုယ်က လှဲကျချင်နေသည် ။ 

"ဘုရားသခင် ကယ်ပါ ။ "

ဘေးမှာရှိတဲ့ အုတ်ခုံလေးပေါ်မှာပဲ ခြေပစ်လက်ပစ် ခဏထိုင်ချလိုက်သည် ။သူမက အထဲကိုလည်းမမြင်နိုင်သလို လုပ်နိုင်တာလည်းမရှိဘူးလေ ။

"ဟိုင်း ကိုးလ် ။ "

ကြည့်ပါလား ။ ဟာရီ‌ဘေးကိုချက်ချင်းရောက်လာတာကိုတောင်သိနိုင်စွမ်းမရှိတော့ဘူး ။ စကားသံထွက်လာမှပဲ ကြားတော့တာ။ လူသားဆန်ရတာ ခက်ခဲလိုက်တာ ၊ ဖြူကတော့ ဘယ်လောက်တောင် ပင်ပန်းနေလိုက်မလဲ ။

COE (၁၉+)Where stories live. Discover now