"မဟုတ်တာ ဘယ်တုန်းကလဲ ?ကလေးပဲ လိုက်မှာဆိုလို့ခေါ်လာ‌တာပဲကို ။ "

"အေးလေ ။ မခေါ်ချင်ဘူးမလား ? ဇွတ်လိုက်လာလို့ ခေါ်လာရတာလေ ၊ ပြန်တော့မယ်ဟာ ၊ သွားပြီ ။ "

"ကလေးရေ ဘာဖြစ်တာလဲကွာ ။ "

မျက်စိရှေ့ကအတွဲကိုကြည့်ပြီး ကိုးလ်က ရယ်ချင်စိတ်ကိုမနည်းထိန်းထားရပုံပေါ်တယ် ။ မီယိုကလည်း ပန်းရောင်စိတ်ဆိုး‌သွားတော့မှာကို အရမ်းစိတ်ပူနေတယ် ။ ပန်းရောင်က စိတ်ဆိုးပြီးထထွက်သွားတာ ချက်ချင်းဆိုင်အပြင်ဖက်ရောက်သွားတော့ မီယိုကလည်းလိုက်ဆွဲတယ် ။ ကိုးလ်ကတော့ ဆိုင်ထဲကနေ မှန်ပဲခြားတာကြောင့် မြင်နေရတဲ့ သမီးရည်းစားစစ်ပွဲကို ကြည့်ပြီး ပြုံးရင်း ခေါင်းကိုခပ်လေးလေးရမ်းတယ် ။

"ဒါက ဘေလ်စာရွက်လေးပါဗျ ။ "

ကိုးလ်ကမျက်မှောင်တစ်ချက်ကျုံ့သွားတယ် ။တကယ်ဆို သူပိုက်ဆံရှင်းမယ်လို့မပြောထားဘူးလေ ။ပြီးတော့ လာပေးတဲ့လူငယ်ကလည်း စားပွဲထိုးဖြစ်‌ဖို့ သန့်ပြန့်လွန်းတယ် ။ ကြည့်ရတာ ဆိုင်ပိုင်ရှင်ဖြစ်ပုံပဲ ။ ကိုးလ်ကဘေလ်စာရွက်ကို လှမ်းယူလိုက်တယ်။ 

စာရွက်ပေါ်မှာ ဘေလ်ကရှင်းပြီးကြောင့်ပြထားတယ် ။ ပြီးတော့ အောက်မှာ ဖုန်းနံပါတ်တစ်ခုကို ရေးထားတဲ့လက်ရေးသော့သော့က ပါသေးတယ် ။ ထိုလူငယ်က ကိုးလ်ကိုမျက်လုံးတစ်ဖက်မှိတ်ပြပြီး ဖုန်းဆက်နော် ဆိုတဲ့ ပုံစံကိုလက်အမူအရာနဲ့ပြတယ်။ 

သက်ပြင်းဖွဖွချလိုက်တဲ့ကိုးလ်က ဘေလ်စာရွက်ကိုယူပြီး လူရွယ်ဆီက ဖောင်တိန်ကိုငှားလိုက်တယ် ။ ပြီးတော့ အဲ့ဒီဖုန်းနံပါတ်အောက်နားလေးမှာ 'ME ,GAY' လို့ရေးပြီး စာရွက်ကိုချလို့ ဆိုင်ထဲကနေ ထွက်လာလိုက်တယ် ။ လူရွယ်ကတော့ သူ့ဘာသူခပ်တိုးတိုးဆဲနေရင်း ကျန်ခဲ့တယ် ။

ကိုးလ်အပြင်ဖက်ကို ရောက်တော့ ပန်းရောင်က‌အဝေးကိုသွားလိုက်ပြီ ။ မီယိုကတော့ ဆေးလိပ်ကိုဗူးထဲက ထုတ်ပြီးမီးညှိဖို့လုပ်နေတယ် ။

"စိတ်ကောက်သွားပြီလား ? ။ "

ပန်းရောင် သွားရာလမ်းကို မေးတစ်ချက်ဆက်ပြီး မေးတဲ့ကိုးလ်ကို မီယိုကမီးစွဲစပြုနေပြီဖြစ်တဲ့ဆေးလိပ်ကို ရှူရှိုက်ထုတ်ပြီးမှ ပြန်ဖြေတယ် ။

COE (၁၉+)Where stories live. Discover now