''အိပ်နေတဲ့ကောင်လေးကို ခဏနေ အပြင်ခေါ်ထုတ်ပေးခဲ့..သတိမရသေးလည်းဖြစ်တယ်။''

''ကောင်းပြီလေ..တာဝန်ကျေစေရမယ်။''

"Ok..ခဏနေဆုံမယ်.."

ရိပေါ် သူ့ရဲ့ကားပေါ်ကနေပဲထိုင်စောင့်နေခဲ့တယ်။
အချိန်ကိုကြည့်တော့ ည ၈နာရီ အတိမှာ..
ရိပေါ်ထပ်စောင့်လိုက်ပါတယ် ခုချိန်မှာ သူ့ဘက်က စိတ်ရှည်သည်းခံရမယ်လေ သူ့ရဲ့အားရှန့်အတွက် သူဒီလောက်တော့ အချိန်ပေးရမှာပေါ့။

15 မိနစ်လောက်အကြာမှာတော့ ရှောင်ကျန့်ကို wheelchair ဖြင့်တင်ခေါ်လာခဲ့တဲ့ထိုဆရာဝန်..

ရှောင်ကျန့်ကို တဖက်ကားနက်ကြီးပေါ်တင်ပေးပြီးတာနဲ့ အချက်ပြလိုက်တော့..
ရိပေါ်လက်ထဲက ချက်လက်မှတ်တစောင်ကထိုဆရာဝန်လက်ထဲရောက်လာတယ်။

''လုံလောက်ပြီလား..ဒီပမာဏလောက်ဆိုရင်..''
ရိပေါ်ရဲ့အမေးကြောင့်..

ထိုဆရာဝန်ဆီမှ မျက်လုံးအပြူးသားနဲ့
ခေါင်းညိမ့်ပြီးကျန်ရစ်ခဲ့လေတယ်။
ဘီလျံ ၃၀ ဆိုတဲ့ချက်လက်မှတ်က လူကိုရူးသွား​ေစတာမို့ ထင်တယ်။

''စစ်ကျွေး..ငါကျန့်ကျန့်ကိုခေါ်လာတာ ဘယ်သူ့ကိုမှပေးမသိစေနဲ့။ပြီးတော့ မင်းပါးစပ်လုံနော်..''

"ဟုတ်ကဲ့..အကိုလေး.."

''ပါးကို ငါခရီးသွားတယ်လို့ ပြောထားလိုက်မယ်။မနက်ဖြန် လေလံပွဲမှာ အမှားအယွင်းမဖြစ်စေနဲ့ကြားလား။''

"ဟုတ်.."

ရှောင်ကျန့်ကို သူ့ရင်ခွင်ထဲထည့်ကာဖက်ထားတဲ့ ရိပေါ်..ဟိုက သတိမေ့နေလို့ပေါ့
မဟုတ်ရင် သူ့ကို တစစီဆွဲဖဲ့မှာ။

တိုကျိုမြို့ရဲ့ အဓိကရုံးချုပ်မှာ ကွမ်ယောင်
သူ့လူတွေနဲ့ အစည်းဝေးပွဲ လုပ်နေတယ်။

''ပို့ကုန်လုပ်ငန်းကလူတွေနဲ့ငါချိတ်ဆက်ထားပြီးပြီး။''

''မနက်ဖြန်ရောက်မဲ့ ဘိန်းဖြူနဲ့ ice တွေကို
သေချာသယ်လာခဲ့ကြ..ပြီးတော့ ငါမနက်ကို တရုတ်ကိုခဏသွားစရာရှိတယ်။''

''ဟိုကောင်ကို မတွေ့တွေ့အောင်ရှာထားကြ။ငါပြန်လာရင် အဲ့ဒီကောင်ကိုဖမ်းမိထားတာပဲ မြင်ချင်တယ်.. ရှင်းလား။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now