❤49💚Final❤💚

2.7K 96 22
                                    

နာရီ​တွေ စက္ကန့်​​တွေကလည်း မပြတ်​​ရွေ့​နေသလို တစ်​နှစ်​ပြီး​တော့ ​နောက်​တစ်​နှစ်​ကို ကူး​ပြောင်းမယ့်​ နှစ်​ကူးကို​ရောက်​ရှိလာပါပြီ......
.
.
.
"ကျန့်​ကျန့်​ မားက ​မေးခိုင်းလိုက်​တယ်​ New year night ကျရင်​ အားလားတဲ့"

"အဲ့​နေ့က .... မသိ​သေးဘူး ခါတိုင်း ပါးနဲ့ စီးပွား​ရေးအပိုင်းက လူကြီး​တွေနဲ့ စား​သောက်​ပွဲသွားရတယ်​"

"အင်​...."
အသံရှည်​ ဆွဲရင်း မျက်​နှာ​လေးရှုံ့မဲ့ကာ လှည့်​ထွက်​သွားတဲ့ ဝမ်​ပုစိ​လေး...

ခုက ဝမ်​ပုစိ​လေးက ​ရှောင်းကျန့်​ရဲ့ ရုံးခန်းထဲမှာ ပြန်​​ရောက်​​နေတာ​ပေါ့​လေ....

ဘာလို့ဆို ဒီထိန်းမနိုင်​​လေးကို ပြန်​​ခေါ်ပါ​တော့ ဟယ်​ ဆိုပြီး လာ​ပြောတဲ့ ဌာနမှူးမင်​​ကြောင့်​​ရော ကျန့်​ကျန့်​ရာ ရိ​ပေါ် အရင်​လို ကျန့်​ကျန့်​နားပဲ ပြန်​လာ​နေမယ်​​နော်​ ဆိုပြီး ပူဆာတဲ့ ​ကောင်​​လေး​ကြောင့်​​ရော ​ရှောင်းကျန့်​ ရိ​ပေါ်ရဲ့ project​တွေ အပြီးသတ်​ပြီးတာနဲ့ သူ့အနားပြန်​​ခေါ်ထားလိုက်​တယ်​...

.
.
.

ည​နေ ရုံက ပြန်​​တော့ ရိ​ပေါ်ကို ဝင်​ပို့​ပေးရင်းအပြန်​....

"ဟင်​ ဟိုမှာ ဝမ်​ပါးပဲ"

တစ်​ကိုယ်​တည်း ​ပြောရင်း ဝမ်​ပါးရဲ့​ဘေးနား ကားရပ်​လိုက်​ပြီး....

"ဝမ်​ပါး ဘယ်​သွားမလို့လဲကျွန်​​တော်​ လိုက်​ပို့်​​ပေးမယ်​​လေ"

"အာ သားကျန့်​ သားကြီးကို ပြန်​ပို့ခဲ့ပြီလား"

"ဟုတ်​..တက်​​လေ ဝမ်​ပါးရဲ့"

"​အေး ​အေး..."

"ခုက ဘယ်​ကိုလဲဗျ"

"မင်း ဝမ်​မားနဲ့ စကားများလာလို့ကွာ..."

"ဗျာ.... ဘယ်​လိုဖြစ်​ရတာလဲ"

"အ​သေးအမွှားပါကွာ.... ပွစိပွစိနဲ့ မပြီးနိုင်​လို့
ခနထွက်​လာတာ "

"​အော်​... ဝမ်​ပါး ကျွန်​​တော်​နဲ့ သွား​သောက်​မလား"

"​ဟေ.. မနက်​ဖြန်​မင်းက အလုပ်​ရှိ​သေးတယ်​မလား"

My Strong Boy {{Completed }}Tahanan ng mga kuwento. Tumuklas ngayon