❤47💚

889 84 18
                                    

ရှောင်းကျန့်​ ရိ​ပေါ် သူ့ကားကို ယူကာ ​မောင်းထွက်​သွားတာမြင်​မှ သူ့ရုံးခန်းထဲ ဝင်​လာလိုက်​သည်
ရုံးခန်းဆီ​ရောက်​​တော့ ပြဿနာရှာတဲ့ အဓိက တရားခံကိုမ​တွေ့ ဌာနမှူးမင်​ကိုသာ​တွေ့လိုက်​ရသည်​ 

"ဟိုတစ်​​ယောက်​​ရော..."

"​CEO ရိ​ပေါ်​ရော "

"ပြန်​သွားပြီ"

"ကျွန်​မတို့အမြင်​မှားတာမလား မဟုတ်​ဖူးမလား ကြားထဲက ဝင်​ပါလို့မရတဲ့ ကိစ္စ ​ပေမယ့်​ CEOလိုလူက ဒီလိုမျိုးမဟုတ်​ဖူးမလား"

ရှောင်းကျန့်​ ပြုံးပြလိုက်​ပြီး

"ဒါ​ပေါ့ ကျွန်​​တော်​ ရိ​ပေါ်ကို ​သေချာ​ပေါက်​ ပြန်​ရှင်းပြမှာပါ ဌာနမှူးမင်​ထင်​သလိုပဲ အမြင်​မှားတာပါ"

"ဟင်းးး ​တော်​ပါ​သေးရဲ့ CEO ကျွန်​မတစ်​ခု​တော့​ပြောပါရ​စေ"

ပြော​လေဆိုတဲ့ အဓိပ္ပါယ်​ နဲ့ ​ခေါင်း​လေးတစ်​ချက်​ငြိမ့်​ပြ​တော့ ဌာနမှူးမင်​ဆက်​​ပြောလာတယ်

"ရိ​ပေါ်က တကယ်​ အဖြူထည်​​လေးပါ CEO အလုပ်​ စစ ဝင်​ ဝင်​ လာချင်းတုန်းက ကျွန်​မတို့ အဆင်​မ​ပြေတာ မှန်​​ပေမယ့်​ ဒီက​လေးနဲ့ အလုပ်​တွဲလုပ်​တဲ့ အချိန်​မှာ ဒီက​လေးရဲ့ အရည်​အချင်း​တွေ အများကြီးရှိတာ​တွေ့လာရတယ်​ နည်းနည်းက​လေးဆန်​တာကလွဲရင်​ သူ​လေး အဖြူထည်​​လေးပါ CEO အ​ကောင်းဆုံး​စောင့်​​ရှောက်​​ပေးဖို့​မျှော်​လင့်​ပါတယ်​ ဒီကိစ္စကိုလည်း
ဖြစ်​နိုင်​ရင်​ ရှင်းလီချင်း မှတ်​သွား​အောင်​ လုပ်​​ပေး​စေချင်​တယ်​"

"စိတ်​ချပါ ကျွန်​​တော်​ ရိ​ပေါ်ကို အ​ကောင်းဆုံး​စောင့်​​ရှောက်​မှာပါ ဒီိကိစ္စကလည်း အင်းးးး ကျွန်​​တော်​ ​ဖြေရှင်းမှာပါ"

"ကျွန်​မယုံပါတယ်​ ဒီမှာပါ ဒီတစ်​​ခေါက်​ projectအတွက်​ "

.
.
.
.
.
.
.
ရိ​ပေါ် Companyက​နေ ​ပြေးထွက်​လာပြီး 
နောက်​ပိုင်း သူ​ဒေါသထွက်​​နေတာ အဲ့မြင်​ကွင်းက မျက်​လုံးထဲက​နေထုတ်​မရ
အင်းး သူသိတာ​ပေါ့ တမင်​ အထင်​လွဲ​အောင်​လုပ်​မှန်း သူ ဝုန်းဒိုင်းကြဲပြီး ထင်​ရာ လုပ်​ရင်​ တစ်​ဖက်​လူက သာမာန်​မှ မဟုတ်​တာ
Shin Groupရဲ့ သမီး
တခြားထက်​ အခက်​​တွေ့မှာ သူ့ချစ်​သူပဲ
ဒါ့​ကြောင့်​ သူ​ရှောင်​ထွက်​ခဲ့တာ
ရှောင်းကျန့်​​ဖြေရှင်း​ပေးလိမ့်​မယ်​ဆိုတာလည်း သူယုံတယ်

My Strong Boy {{Completed }}Where stories live. Discover now