44

967 90 28
                                    

ည​နေ​ရောက်​​တော့ ​ရှောင်​ကျန့်​တစ်​​ယောက်​ ရိ​ပေါ်​လေးကို ​ခေါ်ကာ ချိန်းထားတဲ့ bar ရှိရာသို့သာ​မောင်းလာလိုက်​သည်

Bar ဆီ​ရောက်​​တော့ လူ​တွေ စုံလို့​ပေါ့

ရှောင်​ကျန့်​ရဲ့ တစ်​ဦးတည်း​သော သူငယ်​ချင်းကြီး ​ဒေါက်​တာ ယွီပင်းကလည်း ပါ​သေး

"စုံ​နေပြီး​ပေါ့ ​ရောက်​​နေတာကြာပြီလား"

"မကြာ​သေးပါဘူး ခု​လေးတင်​မှ "

စကားဘာညာ ​ပြော​နေတုန်း ​လောကြီးသုတ်​ပြာ ​ရောက်​လာသူက ကျိယန်

ကျိယန်​ကိုလည်း မြင်​​ရော ​ဟောက်​ရွှမ်းတစ်​​ယောက်​ မျက်​လုံးများက ဘလင်​ ဘလင်​ကို ထလို့ ဒါက​တော့ ရိ​ပေါ် လျှပ်​တစ်​ပြက်​မြင်​လိုက်​တာ အကဲခတ်​ချိန်​​တောင်​မရလိုက်​ပါဘူး ​ဘေးနားက ​လေစိမ်း​တွေ တိုက်​သလို ​ကျောချမ်းသွားလို့ လှည့်​ကြည့်​မိ​တော့ အားလားလားးးး ​ရှောင်​ကျန့်​ရယ်​ စူပုတ်​​နေတဲ့ မျပ်​နှာ​ဘေးနဲ့ ကျိယန်​ကို စိုက်​ကြည့်​​နေလိုက်​တာ ကျွန်​​တော်​​တောင်​ ​ကျောချမ်းလာတယ်
ကျိယန်​က ​တော့ မသိချင်​​ယောင်​​ဆောင်​ကာ အပြုံးမပျက်​ ချန်း ​ဘေးမှာ ဝင်​ထိုင်​​နေ​လေရဲ့

"​ရောက်​ပြီလား ကျိယန်​ ​ကောက မလာနိုင်​ဘူး​တောင်​ ထင်​​နေတာ"

"လာရမှာ​ပေါ့ ​ကိုယ့်​ ​ကောရဲ့ ​အောင်​မြင်​မှုအတွက်​ ​ကျွေးတဲ့ ဝိုင်းကို လက်​လွှတ်​ခံစရာလား"

"အင်း ဒါနဲ့ ချန်း မင်း ဟို​နေ့က သွား​သောက်​တာ ဘယ်​သူနဲ့လဲ တစ်​ညလုံးလည်း ပြန်​မလာဘူး ငါက ကျိယန်​နဲ့သွားတယ်​မှတ်​လို့ ဘာမှ မ​ပြောတာ ကျိယန်​က သူနဲ့သွားတာ မဟုတ်​ဖူးတဲ့"

"​အေး​လေ ချန်း မင်း တစ်​​ယောက်​တည်း ဘာလို့ သွား​သောက်​ရတာလဲ "

"အမ်​ ငါက တစ်​ တစ်​​ယောပ်​တည်း မဟုတ်​ပါဘူး "

"ငါတို့မသိတဲ့ မင်း သူငယ်​ချင်းရှိ​သေးလို့လား"

"စကားများလိုက်​တာကွာ"

ပြောပြီး လက်​ထဲက ခွက်​ကို ​မော့​သောက်​လိုက်​တဲ့ ကျိုးချန်းက တစ်​ခုခုကို ဖုံးကွယ်​ထားသလိုပဲ

My Strong Boy {{Completed }}Where stories live. Discover now