"သွားကြမယ်လေ ကိုအဆင်ပြေရဲ့လား"

ယူမီကိုခေါင်းသာငြိမ့်ပြလိုက်ပြီးသူ့အိမ်ကိုလိုက်ပို့ပေးကာပြန်လာတဲ့လမ်းတစ်လျှောက်လုံးရှေ့ဘာဆက်လုပ်ရမလဲသာတွေးနေမိတော့သည်။

"ထယ်လေး ခုနကလေဆိပ်မှာတွေ့ခဲ့တဲ့လူနဲ့ဘာတွေပြောနေတာလဲ"

"အော်...အမယူမီရဲ့ချစ်သူတဲ့ စေ့စပ်တော့မှာတဲ့ ဒါနဲ့လေသူကသားကိုနေကောင်းလား အဆင်ပြေလားတဲ့ သားနဲ့သူကသိနေတာထင်တယ်"

ထယ်ယောင်းပြောတဲ့စကားကိုနားထောင်နေရင်းထယ်ယောင်အဖွားနဲ့အမေမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။

"သားအသိထဲမှာသူမရှိပါဘူး ရှိမှတော့ဖွားဖွားသိမှာပေါ့"

"မဟုတ်ဘူး သေချာပေါက်ကိုသူသားကိုသိနေတယ် သူ့မျက်လုံးတွေကိုကြည့်တာသားရင်းနှီးဘူးတယ်ဆိုတဲ့ခံစားချက်ဝင်နေတယ်"

ထယ်ယောင်းနောက်နေ့တွေတွေ့မှမေးကြည့်ရမယ်။သူ့ကိုတွေ့ရတာရင်ထဲတစ်မျိုးဘဲဝမ်းနည်သလိုလိုဝမ်းသာသလိုလိုခံစားချက်ကြီးကလူကိုအနေခက်စေသည်။ဂျွန်ဂျောင်ဂုတဲ့လားသူ့ကိုသာမေးရင်ကိုကို့အကြောင်းတစ်စွန်းတစ်စတော့ကြားရနိုင်တယ် သူလည်းကိုကိုအရွယ်ဆိုတော့သိနေနိုင်လိမ့်မယ်။

"ထယ်လေး ဖွားဖွားကုမ္ပဏီမှာ ရုံးခန်းလုပ်ပေးမယ် သားကအဖွဲ့မှူးကနေစအလုပ်လုပ်ပေါ့"

"ဟင့်အင်း ဖွားဖွား သားကကိုယ့်ပါကိုယ်သီးသန့်ဆိုင်လေးဖွင့်ချင်တယ်
သားဝန်ထမ်းသီးသန့်ခေါ်မယ် ကုမ္ပဏီ
Brandအနေနဲ့တော့မထုတ်ချင်ဘူး"

"သားကကုမ္ပဏီအတွက်မလုပ်လို့မရဘူးလေ"

ဒယ်ဒီကပါထပြောလာသောအခါ
ထယ်ယောင်းစိတ်ပျက်မိသည်။အမြဲအဖွားအုပ်ချုပ်မှု့အောက်မှာဘဲနေနေတာအခုသားကိုပါဆွဲသွင်းနေပြန်ပါပြီ။ကင်မ်ထယ်ယောင်းတဲ့လုပ်ချင်ရာလုပ်မှာမလို့ဘာကိုမှလက်မခံနိုင်ပါ။

"ဒယ်ဒီကလည်း သားကကုမ္ပဏီကပညာတော်သင်ပို့ထားတဲ့ဝန်ထမ်းမှမဟုတ်တာ ဘာဆိုင်လို့လုပ်ရမှာလဲ
သားပျော်ရွှင်တဲ့အလုပ်ကိုဘဲလုပ်ချင်တာ"

Be Happy  √ Completed √Where stories live. Discover now