ဉက္ကဌကင်ထန်းဆိုသူပဲ။သူ့သားသမီးတွေအကြောင်းဆိုမသိတာမရှိ။နေရာတိုင်းDaddyမျက်စိတွေနားတွေရှိနေတာပဲ။သူမေ့နေခဲ့တာ။

"Daddyရဲ့သားတွေကကိုယ်နဲ့ဝေးရာမှာနေနေကြတာကိုDaddyကစိတ်ချလက်ချလွှတ်ထားနိုင်မယ်ထင်လို့လား........"

"တောင်းပန်ပါတယ်Daddy......"

"မလိုအပ်တဲ့ကိစ္စအတွက်နဲ့တောင်းပန်တာကိုdaddyမကြိုက်ဘူးသား.......ပြီးတော့သားရဲ့အချစ်ရေးကိစ္စကိုလည်းဘာမှဝင်မစွက်ဖက်ဘူး.......အရေးကြီးတာကလုပ်ရမယ့်အလုပ်တွေကိုအနှောက်အယှက်မဖြစ်ရင်ရပြီ......."

"ဟုတ်ကဲ့ပါDaddy.......အနှောက်အယှက်မဖြစ်စေရပါဘူး.......Appaကိုပေးခဲ့တဲ့နာမည်ဆိုးကိုဖျောက်ပေးပါ့မယ်ဆိုတဲ့ကတိကိုလည်းတည်သွားမှာပါ......"

"အေး......ကောင်းတယ်........သမီးငယ်လေးကိုလည်းတွေ့ပြီးပြီလား......."

"မတွေ့ရသေးဘူး......Daddyကိုအရင်လာတွေ့တာ"

"တွေ့လိုက်ဉီး......တော်နေကြာစိတ်ကောက်နေဉီးမယ်.......သားငယ်လေးနှစ်ယောက်ရောအဆင်ပြေရဲ့လား......."

"ဟုတ်.....နှစ်ယောက်လုံးအဆင်ပြေကြပါတယ်"

အခန်းထဲကမထွက်လာခင်စကားတစ်ခွန်းကိုမမေ့မလျော့ပြောခဲ့ပါသေးသည်။

"အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်.....Daddy"

~~~~~~~~~~~~

"ညီမလေး....."

ရုံးခန်းထဲဝင်လိုက်တော့တွေ့လိုက်ရတဲ့သူမ။ခါးကိုမတ်နေအောင်ထိုင်နေပြီးစာရွက်စာတမ်းတွေကိုကြည့်နေတဲ့ပုံကသူမတူအောင်စတိုင်မိလှသည်။ရဲတောက်နေသောနှုတ်ခမ်းနီနဲ့ဝတ်ထားတဲ့ကိုယ်ကြပ်dressအနက်ရောင်လေးကလည်းလိုက်ဖက်လွန်းလှသည်။ကြည့်လိုက်တာနဲ့သွက်လက်ထက်မြတ်ပြီးအရာရာကိုဉီးဆောင်နိုင်မယ့်ပုံ။ဒါကြောင့်လည်းသူမကိုလိုချင်နေသူမှတစ်သီတစ်သန်း။

သူမကKim Anna။
ဉက္ကဌကင်ထန်းရဲ့တစ်ဉီးတည်းသောသမီးအရင်း။
သူရဲ့သွေးမတော်တဲ့ညီမလေး။

သူသိပါသည်။သူမကသူ့ကိုအစ်ကိုတစ်ယောက်ထက်ပိုတဲ့သံယောဇဉ်တွေရှိနေတယ်ဆိုတာ။ဒါပေမယ့်လည်းညီမလေးတစ်ယောက်လိုဖြူစင်တဲ့အချစ်ကလွဲပြီးကျန်တဲ့သံယောဇဉ်တွေနဲ့သူမကိုမချည်နှောင်ချင်ပါ။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now