18

1.3K 187 17
                                    

တစ်မြို့လုံး ဟိုးဟိုးကျော်သွားသည်ကတော့ ဖိုးချမ်းကြည်၏မြေးကလေးသည် မိန်းမလျှာဖြစ်နေပြီး ကိုယ့်ကိုကိုယ်သတ်သေပါသည် ဟူသတည်း။

အတင်းအကြပ်အိမ်ကနေ အမျိုးအိမ်ရှိရာ တစ်နယ်ဆီသို့ ပို့ခံလိုက်ရသော ကောင်ကလေးတစ်ယောက်ကတော့ မြို့မှာ ဘာတွေဖြစ်ခဲ့သလဲ မသိရှာ။

ဆေးရုံပေါ်တင်ထားစဥ္ တစ်ခုမဟုတ်တစ်ခု အကြောင်းရှာကာ ကိုယ့်လက်နဲ့ကိုယ့်အသက်ကို ခဏခဏအဆုံးသတ်ဖို့ကြိုးစားခဲ့သည့်ကောင်ကလေးကို အသနားပိုခဲ့ကြရုံသာ တတ်နိုင်ခဲ့ကြ၏။

ဆန့်ဆန့်ကြီးလှဲရင်း မျက်နှာကျက်ကိုသာမော့ကြည့်နေသော ကောင်လေးတစ်ယောက်ရှိပါ၏။ လက်နှင့်ခြေတို့ကို ပိတ်ဖြူစတို့ဖြင့် တုတ်နှောင်ထားကာ မလှုပ်စေရအောင် ပြုလုပ်ထားလေသည်။ ညနေစောင်း၍ အေးစိမ့်လာလေပြီ။ နေဝင်ရီတစ်ဖြတ်ဆို ခြင်ထတတ်သောဒေသမို့ ဆေးရုံအတွင်းဝယ် ခြင်တစ်ချို့က ဖွင့်ထားသောပြတင်ပေါက်မှတဆင့်ဝင်ရောက်လာကြသည်။ လူနာစောင့်ခေတ္တလွတ်ချိန်ဝယ် သတ္တိကောင်းသည့် ခြင်တစ်ဖွဲ့က အိပ်ယာပေါ်လှဲနေသည့်လူငယ်ထံမှ အားရပါးရသွေးစုပ်နေခဲ့ပြီ။ သွေးအလွန်အကျူးဆုံးရှုံးထားရသူမို့ ဖြူဖျော့နေသောကောင်ငယ်လေး၏ အဝတ်လွတ်နေသော လည်ပင်းနှင့် မျက်နှာပေါ်ဝယ် ခြင်တွေက ကျကျနနနေရာယူကာ သွေးအလှူပွဲကို အားရပါးရ ပွဲတော်တည်နေခဲ့ကြသည်။ ဖျတ်ခနဲလင်းလာသည့် မျက်နှာကျက်မှ လေးပေမီးချောင်း၏အလင်းကြောင့် ကောင်ကလေးက မျက်လုံးတွေကျိန်းစပ်သွားပုံရသော်လည်း မျက်ခွံတွေကိုတော့ မှိတ်ချဖို့ မေ့လျော့နေဟန်တူ၏။ ပွင့်ဟနေဆဲ မျက်ဝန်းထောင့်မှ မျက်ရည်တို့က တသွင်သွင်စီးကျနေကြောင်းကိုတော့ မည်သူကမျှမမြင်ခဲ့ကြပေ။

......................................

စားနေသောထမင်းပန်းကန်ထဲမှ ထမင်းတွေကုန်သွားတာကိုတောင်မသိလိုက်ပုံများကတော့ ပန်းကန်နှင့်ဇွန်းခြစ်မိသံကြားမှ အသိကဝင်လာသည်။ သူအတွေးတွေလွန်နေခဲ့ပြီလား။

ဆက်မှူး၏အိမ်တွင် အလှူတစ်ခုရှိနေခဲ့ပါ၏။ တခြားအလှူတော့မဟုတ်ပါ။ ဆက်မှူးအစ်မ၏ မွေးနေ့အလှူဖြစ်သည်။ မနက်စောစောအရုဏ်ဆွမ်းကပ်လိမ့်မည်။ ထို့နောက် နေ့လည်တွင် ကိုးကွယ်သည့် ဘုန်းကြီးကျောင်းသို့သွားကာ နောက်ရက်အတွက် အလှူကိစ္စစီစဥ္ဖို့ရန် တစ်ခါတည်းထွက်ပေလိမ့်မည်။ ထိုဘုန်းကြီးကျောင်းသည် စာသင်တိုက်တစ်ခုမို့ သံဃာအင်အားများလေသည်။ ထို့အတွက် ကျောင်းတွင်ညအိပ်မှ အဆင်ပြေပေလိမ့်မည်။

လွဲနေလိုက် (Completed)Where stories live. Discover now