13

1.4K 194 1
                                    

ပုခုံးပေါ်ကျရောက်လာသည့် အနမ်းစူးစူးတစ်ချက်။ ဖယ်ခွာပစ်ဖို့လည်း စိတ်ကူးမရှိသလို ယစ်မူးနေဖို့လည်း မရည်ရွယ်။

" အရာတွေမထင်စေနဲ့ ကျွန်တော်မနက်ဖြန် ရုံးတက်ရမယ် "

တတိတိသွားနှင့်ကိုက်နေမှုက ယားကျိကျိ။ သို့သော်လည်း အငြိမ်မနေသောလက်တစ်ချို့က သူ့ကိုပို၍ ကလိကလိနိုင်စေ၏။

" ကိုသက်ကို "

" ကိုကိုပါကွာ .. ကိုကိုလို့ခေါ်ပါ စုံငယ်ရ "

" စိတ်မပါဘူး "

သူ့နားရွက်နားရှတတလာပြောသူအား ရင်ခုန်နေဖို့လည်း သူမတတ်စွမ်းတော့ပါ။ မျက်လုံးကိုစုံမှိတ်ရင်း သူမုန်းတီးသည့်ဖြစ်ရပ်တစ်ချို့ကိုပဲ အံကြိတ်လက်ခံလိုက်တော့၏။

" မနမ်းနဲ့ "

" ဘာ "

" မနမ်းနဲ့ မကြိုက်ဘူး "

နှုတ်ခမ်းပါးကို ရန်လာရှာသည့် ထိုနှုတ်ခမ်းထူထူတို့ကို ရွံရှာမိသည်။ ထိုနှုတ်ခမ်းပါးတို့က လူသတ်တတ်၏။ သူ့စိတ်ကို သေစေရှင်စေဖြစ်သည်အထိ စေခဲ့သော ထိုနှုတ်ခမ်းတို့ကို သူမုန်းပါ၏။

" ဗိုက်ဆာလား "

ဆေးတစ်ခွက်တိုက်တော့လည်း သောက်ရုံပေါ့။ သူကကိုယ့်ထက်ပိုတတ်သည့် ဆရာဝန်ပဲဟာ။

" မဆာဘူး အိပ်ပဲအိပ်ချင်တယ် .. ကိုသက်ကို အပြင်ထွက်ပေးလို့ရမလား ... ကျွန်တော်လူရှိရင်မအိပ်တတ်ဘူး "

ခင်ဗျားရှိရင်မအိပ်တတ်ဘူးဟုတော့ မပြောနေတော့ပါ။ အိပ်ခန်းထဲက ထွက်သွားသည့်ကျောပြင်ကို အနားမှာရှိသော တစ်ခုခုနှင့်သာ ကောက်ပေါက်ချင်မိသည်အထိသူ့စိတ်တို့က ယုတ်ညံ့လို့နေသည်။

သူ့ဘဝမှာ သက်ကိုနှင့်ပတ်သက်လာလျှင် မြင့်မြတ်တယ်များရှိသေးလို့လား။ အကုန်အစင် နိမ့်ကျသေဆုံးသွားပြီထင်၏။

.........................

" ပြောစရာရှိတယ် "

ညစာထမင်းဝိုင်းသည် သူ့လက်ရာတို့တစ်ခုမှပါမနေခဲ့ပါ။ ချက်ပြုတ်ချင်စိတ်လည်းရှိမနေ။ သူပင်ပန်းထားသည်လေ။

လွဲနေလိုက် (Completed)Where stories live. Discover now