အဖွင့်မှာဖျော်ဖြေတင်ဆက်ချင်ကြတဲ့ လူတွေက များသထက်များလာတာကြောင့် ကော်မတီက ပွဲမကျင်းပရသေးခင်မှာ 'ကျောင်းအလှပန်းလေးကိုမဲပေးကြစို့' ဆိုတဲ့ခေါင်းစဉ်နဲ့ voting စနစ်တစ်ခုကို ကျင်းပဖို့ကြေညာခဲ့တယ်- ဒီစနစ်ကိုသုံးရခြင်းက မဲအရေအတွက်အများဆုံးရရှိတဲ့ ဘယ်သူမဆို 'အဖွင့်ဖျော်ဖြေတင်ဆက်မှု' ဆိုတဲ့ အခွင့်အရေးကို ရရှိနိုင်ရန်အတွက်ဖြစ်တယ်။

ဒီအကြောင်းတွေအားလုံးကို သူမရဲ့ဘေးချင်းကပ်အတန်းဖော်ဖြစ်တဲ့ တုန့်ဝိန်ချီက လာမယ့်တနင်္လာနေ့မှာ စုပေအား ပြောပြမှာဖြစ်ပြီး သူမသိနေရတဲ့အကြောင်းရင်းကတော့ ဒီနေ့မှာစတင်တဲ့ 'ကျောင်းအလှပန်းလေးကိုမဲပေးကြစို့' ဆိုတဲ့ voting အစီအစဉ်နှင့်ပတ်သတ်ပြီး လုပ်စရာတစ်ချို့ ရှိနေတာကြောင့်ပဲဖြစ်တယ်။

နှစ်စဉ်နှစ်တိုင်းမှာ 'ကျောင်းအလှပန်းအလောင်းအလျာများ' ဆိုတဲ့အထဲမှာ ပါဝင်တဲ့မိန်းကလေးများဟာဆိုရင် အလှနတ်ဘုရားမ အဆင့်ရှိကြသူများဖြစ်တယ်။ သို့ပေသိ ဒီနှစ်မှာတော့ ဘယ်သူကဘယ်လိုသိသွားတယ်မသိပဲ ကျောင်းပြောင်းကျောင်းသူအသစ်ဖြစ်တဲ့ စုပေက စာရင်းထဲကိုပါဝင်သွားခဲ့တယ်။ Voting site ပေါ်မှာတော့ ဘတ်စကတ်ဘောကွင်းထဲသို့ ကြည့်နေတဲ့သူမမျက်နှာမှာ အပြုံးလေးတစ်ပွင့်ကိုပန်ဆင်ထားပြီး ရေနွေးဓာတ်ဘူးကို လက်ထဲမှာကိုင်ထားတဲ့ သူမဓာတ်ပုံလေးရှိနေတယ်။ ဒီပုံက beauty filter သို့မဟုတ် photoshop မသုံးထားတာတောင်မှ မိန်းကလေးကိုကြည့်ရတာ အရမ်းကိုလှပလွန်းနေတာဖြစ်တယ်။

စုပေရဲ့ဓာတ်ပုံတင်ပြီးနောက်မှာတော့ လူတွေက သူမကို စပြီး ကြွေသွားကြတော့တယ်။

[T/N : E Trans မှာက Rainbow Fart ဆိုပြီးရေးထားတာကြောင့် အမလည်းဘာမှန်းမသိတော့ google ခေါက်လိုက်တော့ အောက်ကပုံလေးကိုတွေ့ပါတယ်။ သူ့ကိုတရုတ်လို Caihongpi လို့ခေါ်ပါတယ်။ မြန်မာလိုဆီလျော်အောင်ပြန်ရရင်တော့ အလွန်အမင်း ချီးကျူးတတ်တဲ့ fan တွေက မလိုအပ်ပဲနဲ့ သူတို့ရဲ့ idol တွေအပေါ်မှာ ပစ်ကျ/ကြွေကျနေကြတာကို ပြောချင်တာဖြစ်ပါတယ်။ အလွယ်ပြောရရင် ကိုယ့် idol ဆိုတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာလိုပဲနေနေ၊ ဘယ်လိုအစိတ်အပိုင်းပဲဖြစ်ဖြစ် သဘောကျနေတာကိုပြောချင်တာပါ]

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Место, где живут истории. Откройте их для себя