"ရရဲ့လား"

"ဟင့်အင်း နာနေတယ်"

"လာ ကိုယ့်လက်ကိုတွဲပြီးထလိုက်"

ထက်ဘုန်းကလက်ကိုကမ်းပေးလိုက်တော့ ဆောင်းဦးကသူ့လက်ကိုပြန်ဆွဲကာ ဖြည်းဖြည်းချင်းထလာသည်။ခြေချင်းဝတ်လည်သွားတာမို့လို့ လမ်းလျှောက်ရသည်မှာ ထော့နဲ့ထော့နဲ့နှင့် သိပ်တော့အဆင်မပြေလှ။ဒီကြားထဲဒူးခေါင်းကလည်း ပွန်းသွားကာ သွေးများစို့နေသည်။ထက်ဘုန်းကသူ့ကို ခုံမှာထိုင်ခိုင်းစေလိုက်ပြီး သူကတော့ဆောင်းဦးရှေ့မှာ ဒူးတစ်ဖက်ထောက်လိုက်သည်။သူ့ရဲ့ဒူးခေါင်းကိုကိုင်လိုက်သောကြောင့် ဆောင်းဦးခြေထောက်ကို အနောက်ဆုတ်လိုက်မိသည်။

"ဘာဖြစ်လို့လဲ"

"ဟို ရတယ်။ကျွန်တော့်ဘာသာကျွန်တော်ပဲ......"

"ကိုယ်လိမ်းပေးတော့ရော ဘာဖြစ်လို့လဲ။ကိုယ်ဆေးလိမ်းပေးတာခံရတာ ဂုဏ်တောင်ယူသင့်တာနော်။တော်ရုံတန်ရုံဆိုသူများတွေကိုအဲ့လိုမလိမ်းပေးဘူးနော်"

ခေါင်းမော့ကာပြုံး၍ပြောလာသောသူ့ကြောင့် ဆောင်းဦးသူ့မျက်နှာကို ငေးမိသွားသည်။သူ့မျက်နှာက ယောက်ျားပီသပြီး ဆွဲဆောင်မှုရှိလိုက်တာ။ဘာလို့အဲ့လောက်တောင် ကြည့်ကောင်းနေရတာလဲ။ပြီးပြည့်စုံတဲ့သူကိုပြပါဆိုရင် သူ့ကိုခေါ်ပြရမလားပဲ။

ဖျောက် ဖျောက်

"ဟ.....ဟင်"

"ဘာတွေတွေးနေတာလဲ။ကိုယ်ဆေးလိမ်းပေးရမှာလား မလိမ်းပေးရဘူးလား"

"အင်း လိမ်းပေးလို့အဆင်ပြေရင် တစ်ချက်လောက်ကူညီပေးပါဦး"

"Key ကိုယ့်အိတ်ထဲကလိမ်းဆေးလေးတစ်ချက်လောက်ယူပေး"

"အင်း ဒီတစ်ခုမလား ထက်"

"ဟုတ်တယ် ကျေးဇူး"

"ဒါနဲ့သူ့ဘာသာသူလိမ်းလို့ရတာပဲ။ထက်ကဘာလို့လိမ်းပေးနေတာလဲ"

"ဘာဖြစ်လို့လဲ။ကိုယ်လိမ်းပေးချင်လို့ လိမ်းပေးတာလေ။အဲ့ဒါကပြဿနာရှိလို့လား"

"မဟုတ်ပါဘူး ထက်ရဲ့။Keyကဒီအတို်င်းမေးကြည့်တာပါ"

"ပြီးရော။ကိုယ့်ဘာသာကိုယ်ငြိမ်ငြိမ်လေးသွားစောင့်နေ။ကိုယ်ပြီးမှလာခဲ့မယ်"

My Nerdy BoyWhere stories live. Discover now