"အဲ့တာကိုဘာကြောင့် ကိုယ့်ဘာသာ မကြိုးစားချင်ရတာလဲ။ကျွန်မကြားမိသလောက်တော့ ရှင့်လုပ်ငန်းက အောင်မြင်ဖို့ အလားအလာမရှိဘူးနော်"

"မင်းပါးစပ်ပိတ်ထား။ ငါအဆင်ပြေမယ်ထင်လို့ ရွေးချယ်ထားတဲ့အလုပ်ကို ငါအောင်မြင်အောင်လုပ်မှာ။ဒါနဲ့လေ အဓိကက ဘာလို့ မင်းကောင်မဆီက ရှယ်ယာတွေကို ငါ့ရဲ့အရှုံးပေါ်နိုင်တဲ့ လုပ်ငန်းထဲထည့်နေတယ်ထင်လဲ။ ငါလိုချင်တဲ့မြေနေရာကို သူကသူ့အကိုအားကိုးနဲ့ ငါ့ထက်ဦးအောင် ယူသွားတယ်လေ။ အဲ့တော့ ငါ့အခုလုပ်ငန်းမှာ သူသေကိုယ်သေပဲပေါ့ ဟုတ်တယ်မဟုတ်လား။ ဟားဟား"

ဇွဲမင်းထွန်းကို သနာစရာကောင်းတဲ့အကြည့်နဲ့ကြည့်ရင်း ယော ပြုံးပြနေလိုက်သည်။

"တကယ်သောက်ရူးပဲ"

ဇွဲမင်းထွန်းက ပြန်ပြီးမတ်တပ်ရင်း ဒူးကဖုန်တစ်ချို့ကိုပါ ခါချလိုက်၏။

"ဟက်.. အခုတော့ စိတ်ကူးက နည်းနည်းလေးပြောင်းသွားပြီ"

ဇွဲမင်းထွန်းဘာကိုဆိုလိုမှန်း ယော ကောင်းကောင်းနားမလည်ပေမယ့် ကောင်းတာမဟုတ်တာတော့ သေချာတာမို့ စိတ်ထဲလေးလံသွားသည်။ ဆတ်သာကို လာလည်းလာစေချင်တယ်။ မလာလည်း မလာစေချင်တော့ဘူး။ ခပ်ပေါပေါ dramaကားတွေထဲကလို လူဆိုးက တစ်ယောက်တည်းလာလို့ ပြောလို့တကယ်ကြီး တစ်ယောက်တည်းလာတဲ့
လူမျိုး မဖြစ်စေချင်ဘူး။ ကိုယ်က ဂျက်လီတို့ဂျက်ကီးချန်းတို့လို သိုင်းတွေပြန်လန်နေအောင် တတ်နေရင်လည်း တစ်မျိုးပေါ့။ မလိုအပ်ပဲစွန့်စားရင်း အကျိုးမရှိတဲ့စွန့်စားမှုမျိုး ဖြစ်သွားမှာကို ယော မလိုလားပေ။ပြီးတော့ ဇွဲမင်းထွန်းက ဉာဏ်များတယ်။ယောကိုယ်တိုင် လွတ်အောင်ကြိုးစားကြည့်ပေမယ့် ကြိုးကတင်း​နေပြီး ခိုင်ခံ့လွန်းနေတော့ လက်ကောက်ဝတ်မှာပါ ပွန်းပဲ့ပြီး
သွေးတစ်ချို့ ထွက်လာသည်။

******

"ရှိသမျှလူ အကုန့်လွှတ်ပေး။ ဆတ် ယောကို မရရအောင် ကယ်မယ်။ ပြီးရင်အဲ့လူကို နောင်ကျဉ်သွားအောင် လုပ်ပြမယ်"

နေသစ်နဲ့ ဖုန်းပြောလို့အပြီးမှာတော့ ဆတ်သာစိတ်တွေကို စုစည်းပြီး ဇွဲမင်းထွန်းပြောတဲ့နေရာဆီသာ ရောက်အောင် ကားကို အရှိန်တင်လိုက်သည်။

Non Romantic System(Completed)Where stories live. Discover now