အချစ်စစ်(အပိုင်း၁၄)

Start from the beginning
                                    

စာအုပ်ကိုခေါင်းပေါ်တင်ကာမိုးရေထဲကျောင်းရှေ့ပေါက်ကိုဦးတည်ပြီးသာပြေးတော့သည်..မိုးရေများကမျက်မှန်တွင်ရိုက်ခတ်လာကာမှန်မှာလည်းမှုန်ဝါးလာပြီးပြေးနေရင်းဘာမှမမြင်ရတော့ပဲမမြင်မစမ်းနှင့်...ထိုအချိန်တွင်ပဲ

"ဘုတ်"

လူတစ်ယောက်နဲ့တိုက်မိပြီးစာအုပ်များလည်းမြေပြင်ပေါ်တွင်ကျကုန်ပြီးမျက်မှန်ကလည်းအရေးထဲမှကျွတ်ကျသွားသည်..

."ခက်တော့တာပဲ.."

ဟုစိတ်တွင်ရေရွတ်ကာပါးစပ်မှအမြန်..ရှေ့ကလူကိုမကြည့်သေးဘဲခေါင်းငုံ့ကာတောင်းပန်လိုက်သည်..

"ဟိုလေ...ကျနော်တောင်းပန်ပါတယ်ဗျ..မျက်မှန်ရေတွေစိုပြီးမမြင်လိုက်လို့တိုက်မိသွားတာပါ".
.
သူ့ဘက်မှဘာစကားမှမပြောခင်ကိုယ်ပေါ်သို့ကျနေသောရေစက်များမှာမကျတော့သလိုခံသစားမိတာမို့မော့ကြည့်လိုက်တော့....

ထီးအပြာရောင်ကိုသူ့ကိုပါဆောင်းပေးကာသူ့မျက်မှန်ပါတစ်ခါတည်းကောက်ပေးလာသောထိုလူ...

"အကြည့်စူးစူးအသားဖြူဖြူမျက်နှာထားတည်တည်နှင့်ရှည်လျားသောအရပ်သူ့ထက်အသက်နည်းနည်းကြီးမည်ထင်သည်..."ငေးကြည့်နေမိရင်းဘာဖြစ်လို့လည်းမသိ...ရင်ထဲ၌အမျိုးအမည်မပေါ်သောခံစားချက်ကိုခံစားလိုက်ရသည်....

"ဘာမှမဖြစ်ပါဘူးမတော်တဆပဲရပါတယ်..ရော့ဒါမင်းမျက်မှန်မလား...ရေတွေလည်းရွဲနေတာပဲ..ဒီထီးယူသွားလိုက်မလား"

ဆိုကာထီးပါသူ့ဘက်ပိုဆောင်းပေးရင်းသြရှရှအသံနှင့်ပြောလာသောထိုလူ

".."

"ပြောတာကြားရဲ့လား"

ထိုအချိန်မှသတိရသွားပြီးမျက်မှန်ကိုလှမ်းယူကာကောက်တပ်၍

"အော်မဟုတ်တာကျေးဇူးတင်ပါတယ်ကျနော်အဆင်ပြေပါတယ်ဗျမယူတော့ပါဘူး..."

"အဆင်ပြေရင်ပြီးတာပါပဲ"

"ဟုတ်ထပ်တောင်းပန်ပါတယ်နော် ကျနော်ကြောင့်အကိုအကျီတွေပါစိုကုန်ပြီ"

"ထားလိုက်..ရတယ်"
"ဟုတ်..ဒါဆို...ခွင့်ပြုပါအုန်းနော်"

ဆိုပြီးကျနေသောစာအုပ်များကိုပြန်ကောက်ကာမျက်မှန်သေချာတပ်ပြီးစာအုပ်ကိုခေါင်းပေါ်ထပ်တင်ရင်းမနီးမကမ်းကရှိသောကားဆီသို့ပြေးသွားသောကောင်လေးမှာ..ချစ်စရာကောင်းလွန်းသောအပြုံးတစ်စုံနှင့်နှုတ်ခမ်းအောက်မှမှည့်နက်ကလေးကလည်းထင်းနေသည်....

အချစ်စစ်(Yizhan version)Where stories live. Discover now