[Unicode]
လောကကြီးထဲက မရေမတွက်နိုင်အောင် များပြားတဲ့ လူတွေကြား တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ခံစားချက်တွေ မွေးဖွားလာတယ် ဆိုတာမျိုးက သိပ်ကို ဆွတ်ပျံ့ကြည်နူးစရာ ကောင်းတဲ့အရာပဲ။
အဲဒီ့ လူနှစ်ယောက်ကြားက စိတ်ယူးယဉ်ဆန်ဆန် ခံစားချက်ကို ပိုးမျှင်လေးတစ်မျှင်နဲ့ တင်စားကြမယ် ဆိုပါစို့။
ဒီအကြောင်းအရာကတော့ လူတစ်ယောက်ကို ဗဟိုပြုပြီး လူလေးယောက်ကြား တဖြည်းဖြည်းနဲ့ ရှုပ်ထွေးယှက်တင် ဖြစ်ပေါ်လာတဲ့ ပိုးအိမ်လေးတစ်အိမ်နဲ့ အလားသဏ္ဌာန် တူပါရဲ့။
ထူးဆန်းတာက အဲဒီ့ လူလေးယောက်လုံးက တစ်ယောက်တစ်မျိုးစီ ရူးနေကြသေးတယ်။
ကိုယ့်နှလုံးသားကိုတောင် ကိုယ်နားမလည်တဲ့ အရူး ၁ -
လော်ယွင်ရှီး : " အချစ်က ကမ္ဘာပေါ်မှာ စောက်ရေးမပါဆုံးနဲ့ ဈေးအပေါဆုံးအရာပဲ "
တစ်ယူသန်ဆန်ပြီး လျှို့ဝှက်တတ်တဲ့ အရူး ၂ -
လီယို လော်ရိ : " ကိုယ် လုပ်ခဲ့မိသမျှ အရာအားလုံးက မင်းအတွက်၊ အသက်ရှူနေတာတောင် မင်းအတွက် "
စိတ်သဘောထား အေးချမ်းသလောက် ခေါင်းမာလွန်းတဲ့ အရူး ၃ -
ချန်ဖေးယွီ : " လူတိုင်းက ကျွန်တော့်ကို အလိုရှိကြတယ်၊ ဒါပေမဲ့ သူ အလိုရှိတာက ကျွန်တော်မှ မဟုတ်ဘဲ "
အစွဲအလမ်းကြီးပြီး ပိုင်ဆိုင်လိုစိတ် ပြင်းပြတဲ့ အရူး ၄ -
အာသာချန် : " တစ်လောကလုံးမှာ မင်းတစ်ယောက်ပဲ ကိုယ့်အလေးပေးမှုနဲ့ ထိုက်တန်တယ် "
ဒါက ဘယ်သူက ဘယ်သူ့ထက် ပိုပြီး ရူးနိုင်သလဲဆိုတာ ယှဉ်ပြိုင်နေကြသလိုပါပဲ။ အဆုံးသတ်မှာ ဒီပိုးအိမ်လေးကို ဖြေချနိုင်ဖို့ရာ တစ်စုံတစ်ယောက်ကတော့ စွန့်လွှတ်တတ်ဖို့ သင်ယူရလိမ့်မယ်။
***
M/N - This fan fiction is written just to release my stress, so I'll keep it short. Anyhow, Enjoy! <3
***
[Zawgyi]
ေလာကႀကီးထဲက မေရမတြက္ႏိုင္ေအာင္ မ်ားျပားတဲ့ လူေတြၾကား တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ခံစားခ်က္ေတြ ေမြးဖြားလာတယ္ ဆိုတာမ်ိဳးက သိပ္ကို ဆြတ္ပ်ံ႕ၾကည္ႏူးစရာ ေကာင္းတဲ့အရာပဲ။
အဲဒီ့ လူႏွစ္ေယာက္ၾကားက စိတ္ယူးယဥ္ဆန္ဆန္ ခံစားခ်က္ကို ပိုးမွ်င္ေလးတစ္မွ်င္နဲ႔ တင္စားၾကမယ္ ဆိုပါစို႔။
ဒီအေၾကာင္းအရာကေတာ့ လူတစ္ေယာက္ကို ဗဟိုျပဳၿပီး လူေလးေယာက္ၾကား တျဖည္းျဖည္းနဲ႔ ရႈပ္ေထြးယွက္တင္ ျဖစ္ေပၚလာတဲ့ ပိုးအိမ္ေလးတစ္အိမ္နဲ႔ အလားသဏၭာန္ တူပါရဲ႕။
ထူးဆန္းတာက အဲဒီ့ လူေလးေယာက္လုံးက တစ္ေယာက္တစ္မ်ိဳးစီ ႐ူးေနၾကေသးတယ္။
ကိုယ့္ႏွလုံးသားကိုေတာင္ ကိုယ္နားမလည္တဲ့ အ႐ူး ၁ -
ေလာ္ယြင္ရွီး : " အခ်စ္က ကမာၻေပၚမွာ ေစာက္ေရးမပါဆုံးနဲ႔ ေဈးအေပါဆုံးအရာပဲ "
တစ္ယူသန္ဆန္ၿပီး လွ်ိဳ႕ဝွက္တတ္တဲ့ အ႐ူး ၂ -
လီယို ေလာ္ရိ : " ကိုယ္ လုပ္ခဲ့မိသမွ် အရာအားလုံးက မင္းအတြက္၊ အသက္ရွဴေနတာေတာင္ မင္းအတြက္ "
စိတ္သေဘာထား ေအးခ်မ္းသေလာက္ ေခါင္းမာလြန္းတဲ့ အ႐ူး ၃ -
ခ်န္ေဖးယြီ : " လူတိုင္းက ကြၽန္ေတာ့္ကို အလိုရွိၾကတယ္၊ ဒါေပမဲ့ သူ အလိုရွိတာက ကြၽန္ေတာ္မွ မဟုတ္ဘဲ "
အစြဲအလမ္းႀကီးၿပီး ပိုင္ဆိုင္လိုစိတ္ ျပင္းျပတဲ့ အ႐ူး ၄ -
အာသာခ်န္ : " တစ္ေလာကလုံးမွာ မင္းတစ္ေယာက္ပဲ ကိုယ့္အေလးေပးမႈနဲ႔ ထိုက္တန္တယ္ "
ဒါက ဘယ္သူက ဘယ္သူ႔ထက္ ပိုၿပီး ႐ူးႏိုင္သလဲဆိုတာ ယွဥ္ၿပိဳင္ေနၾကသလိုပါပဲ။ အဆုံးသတ္မွာ ဒီပိုးအိမ္ေလးကို ေျဖခ်ႏိုင္ဖို႔ရာ တစ္စုံတစ္ေယာက္ကေတာ့ စြန္႔လႊတ္တတ္ဖို႔ သင္ယူရလိမ့္မယ္။
***
M/N - This fan fiction is written just to release my stress, so I'll keep it short. Anyhow, Enjoy! <3
DU LIEST GERADE
茧 || c o c o o n 「 completed 」
FanfictionEven if the whole world seems upset, you deserve to be pleased. 【 FeiYunxi 】
