Chapter 9。

490 79 36
                                        

[Unicode]

ချန်ဖေးယွီ ရွေးချယ်ထားသည့် နေရာက လက်ရှိရာသီဥတုနှင့် ကိုက်ညီပြီး ငါးမျှားရန်လည်း အဆင်ပြေသည်။

အညိုရောင်စပ်သော ကျောက်တုံးနက်များကြားတွင် ရေအိုင်ငယ်လေး တစ်ခုက သိုသိုဝှက်ဝှက် တည်ရှိနေပြီး ထိုအိုင်လေးထဲမှ ရေများက ကွေ့ပတ်စီးဆင်းကာဖြင့် ခပ်လှမ်းလှမ်းရှိ ရေအိုင်ကြီးထဲတွင် သွားရောက် စုဆုံသည်။

မည်သူမှမရှိဘဲ တိတ်ဆိတ်နေ၍ လေထုအနေအထားက ပိုလို့ လတ်ဆတ်နေသယောင်။

သူတို့နှစ်ဦးသည် ရေအိုင်အစပ်ရှိ သစ်ပင်ကြီးတစ်ပင်ကို ရွေးချယ်ကာ အပင်ခြေရင်း၌ အကျအနထိုင်ပြီး ငါးမျှားရန် စတင်လိုက်ကြသည်။ နွေးထွေးသော ရာသီဥတုနှင့်အညီ ငါးများက မြူးတူးနေကြဟန် ရပြီး နာရီဝက်အတွင်း ငါး ၆ ကောင် ဖမ်းမိလိုက်သည်။ မဟုတ်မှလွဲရော၊ နာမည်ကြီးလှသော ဤငါးမျှားတံက ထူးခြားကွဲပြားနေခြင်းပဲလားတော့ မပြောတတ်ပါ။

မသိလျှင် ငါးမျှားခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူကဲ့သို့ ယွင်ရှီးသည် စိတ်ရောလူရော နှစ်မြှုပ်ကာ ငါးမျှားနေလိုက်သည်မှာ တစ်ဖက်လူမှ သူ့အား စကားပြောမလာခင်အထိ ဖြစ်သည်။

"နည်းနည်းလောက် သောက်ဦးမလား .."

ချန်ဖေးယွီသည် ကြိုတင်ယူဆောင်လာခဲ့သော ဘီယာနှစ်ဘူးကို အိတ်ထဲမှ ထုတ်ယူကာ ယွင်ရှီးထံ တစ်ဘူး လှမ်းပေးနေသည်။

ယွင်ရှီး လှမ်းယူရင်းဖြင့် မေးလိုက်သည်။

"အရမ်းပြင်းလား"

ချန်ဖေးယွီက အသာရယ်သည်။

"ကိုယ်က မင်းရဲ့ ဆရာဝန်ပါနော်။ အရမ်းမပြင်းလို့ တိုက်တာပါ။ သောက်လို့ရတယ်"

ယွင်ရှီး ဘာမှ မပြောတော့ဘဲ ဘီယာတစ်ငုံမျှကို မော့လိုက်သည်။ တကယ်လည်း သိပ်မပြင်းပေ။

နှစ်ယောက်သား ဘူးချင်းတိုက်ကာ တိတ်ဆိတ်စွာပဲ သောက်နေလိုက်ကြသည်။ တစ်ခါတစ်ရံ ရေအိုင်ထဲမှ ငါးပွက်သံများကို ကြားရသည်။ ရုတ်တရက် ချန်ဖေးယွီက မေးလာသည်။

茧 || c o c o o n 「 completed 」Where stories live. Discover now