Chapter 17。

374 65 40
                                        

[Unicode]

"ဥက္ကဌလော် .. ဒီလို လုပ်လို့မရပါဘူး။ ကြိုတင် ချိန်းထားမှ .. ဥက္ကဌလော် .."

"ဝုန်း!"

အတွင်းရေးမှူး အမျိုးသမီး၏ ပိတ်ဆို့ထားမှုကြားက အားပြင်းပြင်းနှင့် ဆောင့်ကန်လိုက်ခြင်းကြောင့် ရုံးခန်းတံခါးမှာ ရုန်းရင်းဆန်ခတ်နှင့် ပွင့်သွားတော့၏။ ထိုအမျိုးသမီးသည် ထိတ်လန့်မှုကြောင့် မျက်နှာမှာ အတန်ငယ် ဖြူဖျော့သွားပြီး ရုံးခန်းအတွင်းသို့ မဝံ့မရဲ လှမ်းကြည့်လေသည်။

ကြမ်းပြင်မှ မျက်နှာကျက်တိုင်အောင် မြင့်မားသော မှန် ပြတင်းများဘက်သို့ မျက်နှာမူကာ ရပ်နေသော အရပ်မြင့်မြင့်လူက မျက်နှာတစ်ခြမ်း ငဲ့လျက် ကြည့်လာသည်။

"မင်း သွားလို့ရပြီ"

"ဟုတ်ကဲ့"

အတွင်းရေးမှူး အမျိုးသမီးသည် စနစ်တကျ လေ့ကျင့်ထားသည့် အတွေ့အကြုံရှိသူမှန်း သိသာပါ၏။ စကားအပို တစ်ခွန်းမျှ မဆိုဘဲ ဦးညွှတ်ကာ ပြန်လည်ထွက်ခွါသွားသည်။ တံခါးပိတ်ခဲ့ရန်လည်း မမေ့။

မှန်ပြတင်းများဘက်သို့ မျက်နှာမူထားသည့် အရပ်မြင့်မြင့် ကိုယ်ဟန်က နောက်ဘက်သို့ လှည့်လာကာ ဆို၏။

"ကိုယ်ထင်တာထက် ပိုပြီး မြန်မြန်ရောက်လာတာပဲ"

ထိုလူသည် နောက်ဆုံးတစ်ကြိမ် တွေ့ခဲ့စဉ်ကနှင့် သိပ်ပြီး ထူးခြားစွာ ကွဲပြားသွားခြင်း မရှိလှ။ မျက်လုံးအစုံသည် မျက်မှန်အောက်တွင် ဖုံးကွယ်နေသောကြောင့် ခံစားချက်အမှန်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ နှုတ်ခမ်းပါးများက ရှိရင်းစွဲထက် ဖျော့တော့နေသော်လည်း ထိုနှုတ်ခမ်းထောင့်စွန်းများ အတန်ငယ် ကော့ညွှတ်လျက် အပြုံးမဟုတ်သော အပြုံးတစ်ခုကို လှစ်လှပ်ပြနေသည်က ပြောမပြတတ်အောင် မုန်းစရာကောင်းသည်။

ရင်ဘတ်ထဲ၌ လှိုက်တက်လာသော ဒေါသအဟုန်နှင့်အတူ ယွင်ရှီးသည် ရှေ့သို့ ပြေးသွားလျက် ထိုလူ့အား မျက်နှာတစ်ပြင်လုံး လည်ထွက်သွားသည်အထိ ထိုးချလိုက်၏။

လက်သီးချက်က လျှပ်တပြက်ဆန်ပြီး အားပါသောကြောင့် လော်ရိသည် အငိုက်မိကာ ရုံးခန်းအလယ်ရှိ ဆိုဖာခုံရှည်ပေါ်သို့ ဖရိုဖရဲ လဲကျသွားသည်။

茧 || c o c o o n 「 completed 」Where stories live. Discover now