HE'S . 38 [ Fin< ]

Start from the beginning
                                    

"ဒါပေါ့.. ဒီတစ်ပတ်လည်း ကျန်ခဲ့တဲ့တစ်ပတ်လိုပဲသွားရမှာပဲ..
ဒါကနောက်ဆုံးအပတ်ပဲလေ.. ပြီးရင် သူတို့တွေက တာဝန်ပေးအပ်ရာနေရာကိုသွားရတော့မှာ"

"မင်္ဂလာဆောင်လို့ငါရုပ်ဆိုးနေရင်ဘယ်လိုလုပ်မလဲဟင်.."

"ဟဟ..ဘေဘီကရုပ်ဆိုးတတ်သေးလို့လားအရင်ပြောပြပါဦး.. "

Chanyeolစာအုပ်ကိုပိတ်လိုက်ကာ Baekhyunကိုပြုံးပြီးကြည့်နေလိုက်သည်။

"... ဒီညတွေအိပ်မရဘူး.. ဒီမှာကြည့်..ကြည့်"

Baekhyunခုံကိုကျော်ပြီးကုန်းနေကာ သူ့(Baekhyun)မျက်လုံးတွေဆီ Chanyeolကိုထိုးပြနေသည်။

"ဟမ်..!!ဘာ.. ဘာလဲ"

"တွေ့လား.. မျက်ကွင်းတွေညိုနေပြီ.."

"အာ.... မျက်ကွင်းညိုတာကိုပြနေတာလား"

"ဟုတ်တယ်လေ..
မတွေ့ဘူးလား.. အညိုရောင်သေးသေးလေး"

Baekhyun Chanyeolကို ဒါတောင်မတွေ့ဘူးလားဆိုပြီး မျက်မှောင်ကြုတ်ကာဆက်ကြည့်နေတော့ Chanyeolကသွားလေးတွေပေါ်လာအောင်ရယ်ပြနေသည်။

"ကိုယ့်ရဲ့ဘေဘီလေးကပင်ပန်းနေတာပေါ့.. လာပါဦး"

တကယ်တော့Baekhyunမျက်ကွင်းညိုနေတာကို Chanyeolလုံးဝမမြင်ဘူး..
ပုံမှန်အတိုင်းချစ်စရာကောင်းနေဆဲပဲလို့
အမှန်တိုင်းပြောလိုက်ရင် အဆိုးလေးကကောက်သွားဦးမှာကိုသိနေတဲ့အပြင်.. တမင်ကိုရစ်လုံးလုပ်ချင်နေတဲ့အဆိုး‌လေးအတွက် ချော်လဲရောထိုင်လုပ်လိုက်တဲ့အခါ.. အဆိုးလေးကစူပုတ်ပုတ်နဲ့ ထိုင်ရာကထလာပြီးလက်တွေဆန့်တန်းထားကာခေါ်နေတဲ့Chanyeolရဲ့ရင်ခွင်လေးထဲဝင်လာခဲ့တော့ Chanyeolက အဆိုးလေးရဲ့ကိုယ်လုံးလေးကိုမြုပ်နေအောင်ဖက်ထားပေးလိုက်သည်။

"လွမ်းနေတာ.."

Baekhyun Chanyeolရင်ဘတ်ဆီကို
အနမ်းဖွဖွပေးကာပြောလာတဲ့စကားသံကြောင့် Chanyeolကပြုံးပြီး အဆိုးလေးရဲ့‌ဆံစလေးတွေကြားနမ်းလာသည်။

"နေ့တိုင်းတွေ့နေရတာတောင်လွမ်းနေတယ်.. Chanyeol-Ya.. မင်းကောလွမ်းနေရဲ့လား"

တွေ့ရတဲ့နားချိန်နည်းနည်းလေးမှာ.. Baekhyunဆီက.. ချစ်တယ်.. လွမ်းနေရတယ်.. သတိရနေခဲ့တယ်.. ဒါတွေကိုအမြဲကြားနေရတာက Chanyeolသဘောအကျဆုံးဖြစ်သည်။
အလုပ်ကြောင့်ပင်ပန်းနေရရင်တောင်.. Baekhyunဆီကကြင်ကြင်နာနာစကားလုံး‌တွေကြားလာရတဲ့အခါ အတော်လေးအကျိုးသက်ရောက်မှုရှိစေသည်။

HE'S ✓Where stories live. Discover now