[Unicode + Zawgyi]
"ဟျွန်းငယ်ရောက်လာပြီလား"
Baekhyunခေါင်းအသာညိတ်ပြလိုက်ကာ ဧည့်ခန်းရဲ့တစ်နေရာမှာဝင်ထိုင်လိုက်ပြီးနောက် အိမ်ထဲမှာအစ်ကိုကြီးဖြစ်တဲ့MinSeokကိုလိုက်ရှာနေမိသည်။
ကိုလေး..ကိုလတ်ကိုပဲတွေ့လိုက်ရတဲ့အချိန် ပူနေတဲ့စိတ်တစ်ချို့တစ်ဝက်ကငြိမ်းချမ်းသွားပေမဲ့ အခုထိမတွေ့ရသေးတဲ့ ကိုကိုကြီးကိုတွေးမိပြန်တော့ စိုးရိမ်ပူပန်စိတ်ကပြန်ရောက်လာခဲ့သည်။
အရင်လိုမဟုတ်ဘဲ ငြိမ်နေတဲ့ညီငယ်ဆုံးလေးကို အစ်ကိုတွေကချက်ချင်းသတိထားမိကာ ကိုလေးဖြစ်သူကအအေးတစ်ခွက်လာချပေးရင်းအနားမှာထိုင်လိုက်သည်။
"ဟျွန်းငယ်.. မျက်နှာမကောင်းပါလား
Chanyeolနဲ့တစ်ခုခုဖြစ်ကြလို့လား""ဟင့်အင်း.."
"ငိုထားတာလားဟျွန်းငယ်.. မျက်လုံးတွေအစ်နေတယ်"
ဘေးကစိုးရိမ်တကြီးကြည့်နေပြီး တစ်ခွန်းပြီးတစ်ခွန်းမေးနေတဲ့ ကိုလေးဖြစ်သူကိုကြည့်လာခဲ့ပြီး Baekhyunငိုချင်လာသည်။
"ကိုလေး.."
"ဟျွန်းငယ်တစ်ခုခုဖြစ်ခဲ့တာမလား.. ကိုလေးကိုပြော
အခုလိုပုံစံကဟျွန်းငယ်ပုံစံမှမဟုတ်တာ"Baekhyun.. KyungSooကိုဖက်လာတော့ KyungSooနည်းနည်းတန့်သွားပေမဲ့ ညီငယ်လေးကိုပြန်ဖက်လာပေးသည်။
"ကိုကိုကြီးကောဟင်"
"ကိုကိုကြီးက.. သူ့သူငယ်ချင်း WuYiFan.. FanFanHyungလေ ဟျွန်းငယ်မှတ်မိလား
Canadaမှာနေတဲ့FanFanHyungလေ
သူပြန်လာလို့ သွားကြိုနေတယ်..
ကိုလေးထင်တာ FanFanHyungကို အိမ်ခေါ်လာမယ်ထင်တယ်
ကိုကိုကြီးက သူရှိနေလျှက်နဲ့ FanFanHyungကို Hotelမှာတော့သွားနေခိုင်းမှာမဟုတ်ဘူး""FanFanHyung..??"
"ဟျွန်းငယ်မမှတ်မိတော့ဘူးလား.. ဟျွန်းငယ်ကFanFanHyungဆိုသိပ်သဘောကျတာလေ..
Hyungလိုအရပ်အရှည်ကြီးဖြစ်အောင်လုပ်မယ်
Hyungလိုချောချောခန့်ခန့်ကြီးဖြစ်အောင်လုပ်မယ်
ဆိုပြီး ဟျွန်းငယ်အမြဲပြောနေပြီးတော့""Galaxy Hyung "
"အာ.. အာ... ဟုတ်သားပဲ ဟျွန်းငယ်က Galaxy Hyungလို့ပဲခေါ်တာကို ကိုလေးမေ့သွားတာ"