အပိုင်း ၎

Start from the beginning
                                    

ထိုလူ့ဖုန်းထဲသူ့နံပါတ်မှတ်ပေးပြီး ဖုန်းခေါ်လိုက်တော့
ချက်ခြင်းဝင်လာသည်မို့ ပြန်ပေးကာ လိုခြင်သောခဲသား
ကိုသာရှာနေမိသည်။ ပြီးရင်လည်း မုန့်စားရမှာမို့
မြန်မြန်သာ ရွေးနေမိလေသည်။ မုန့်ပါစားရင်ပိုက်ဆံ
လောက်ပါ့မလားဟူသော အတွေးကပါဝင်လာလေသည်
။ သို့သော်ငြား မာမီဆီဖုန်းလှမ်းဆက်လို့အဆင်ပြေသား
ဘဲဟူသောအတွေးကြောင့် ဝယ်ခြင်တာကိုသာရွေးလိုက်မိလေသည်။

"ဒါတွေယူပါ့မယ်အမဘယ်လောက်ကျလဲမသိဘူးရှင့်”

"ဝမ်20000ပါ ကျေးဇူးပါရှင့်”

"ဟုကဲ့ ကျေးဇူးပါ ဦးလေးကြီးဘာစားမလဲ ဒါမှမဟုတ်
ခေါက်ဆွဲစားမလား အတော်လေးကောင်းတဲ့ဆိုင်
တွေ့ထားတယ် သွားမလား”

"အာ..ကိုယ်ဒီနေ့dinnerတစ်ခုတတ်စရာရှိလို့ ဆောရီးချာတိတ် နောက်နေ့ပေါ့ အခုချာတိတ်စားခြင်တာ
စားလေကိုယ်စောင့်ပေးမယ် ကိုယ်ကဟိုမှာတော့
မစားမဖြစ်စားရမှာမို့ပါ”

"အာ..ကျွန်စားနေတာစောင့်ပေးစရာမလိုပါဘူး
လမ်းသွားရင်း ကားပေါ်မှာစားလည်းအဆင်ပြေတာပဲ
ဖြည်းဖြည်းတော့မောင်းပေးပေါ့...ဟီး”

သူစားခြင်တာစားရဖို့မျက်လုံးလေးမိတ်ကာရယ်ပြနေ
သောကောင်လေးကြောင့် သူ့ကမ္ဘာခဏရပ်တန့်သွားလေ
သည်။ dinner ကိုလည်းအပြေးလေးသာ ဖျတ်လိုက်
ချင်တော့သည်လေ။

"အင်းပါ ဝယ်ခြင်တာဝယ်လေ”

ဟော့ဒေါ့ဆိုင်ထဲဝင်ပြီးတော့ပိုကီတွေကော တစ်ခြား
ဟာတွေကောအကုန်အစုံဝယ်ကာ ခေါက်ဆွဲဆိုင်ရောက်
ပြန်တော့လည်း ခေါက်ဆွဲအစပ်ကိုဝယ်နေသေးသည်။
ဒီကောင်လေးအတော်စားနိုင်တာပဲဟု မှတ်ချက်ပြုမိ
သေးသည်။ ဘေးတိုက်မြင်နေရသော ပါးဖောင်းဖောင်း
လေးကိုလည်း ကိုက်ပစ်လိုက်ခြင်သော်ငြား ထိုကောင်
လေး၏ ဒေါသကိုသိနေသောကြောင့် နောက်ကနေသာ
ကြည့်နေလိုက်လေသည်။

"ဝယ်ပြီးပြီလား”

"ပြီးပြီလေ စားအုံးမလား မာမီကအစပ်တွေမစားခိုင်းဘူး
ဒါကြောင့်မာမီလစ်တုန်းစားထားတာ မဟုတ်ရင်တစ်လ
တစ်ခါစားရဖို့မလွယ်ဘူးရယ်”

Until The End (completed) Where stories live. Discover now