အပိုင်း ၎

466 51 2
                                    

Zawgi

"ချာတိတ်ကပန်းချီဆွဲတာဝါသနာပါတာလား”

"နည်းနည်းပါပါး”

ခဲတွေကိုကြည့်နေတဲ့ချာတိတ်ကိုစကားစမိတော့ ခပ်တိုး
တိုးသာပြန်ပြောလေသည်။ သူလိုချင်သည့် အရာလေးတွေကို သေခြာကြည့်နေသည့် မျက်ဝန်းမှေး
မှေးလေးတွေက အရောင်တောက်နေသည်မှာ တလဲ့လဲ့
ဖြင့်သာ။

"မုန့်စားမလား”

"အင်းစားမယ်လေခင်ဗျားကောဘာစားမလဲ”

စေသနာရယ်လို့မရှိသော်ညား အချိန်ကုန်ခံ၍လိုက်ပို့
သောထိုလူကို ကျေးဇူးတင်သည့်အနေဖြင့်ဘမုန့်တစ်ခုခု
ဝယ်ကြွေးဖို့ပြင်ရမည်လေ။ မဟုတ်ရင် ကျေးဇူးမသိ
တတ်ဘူးထင်နေပါဦးမယ်။

"ဝယ်ကြွေးမလို့လားကိုယ့်ကို”

"အင်းလေ ခင်ဗျားကလိုက်ပို့ပေးတာဆိုတော့လေ”

"မုန့်ထက်ပစ္စည်းတစ်ခုခုဝယ်ပေးပါလားအမှတ်တရပေါ့
သေးသေးလေးပဲဖြစ်ဖြစ်လေ”

"ပိုက်ဆံကအများကြီးမပါခဲ့ဘူးလေ”

ပိုက်ဆံအိတ်ကိုဖွင့်ပြီး ရေရွတ်သလိုပြောနေသည့်ကောင်
လေးကြောင့်သူရယ်ရုံသာရယ်လိုက်မိသည်။ နောက်တစ်ခါ ထပ်တွေ့ဖို့ဂွင်ဖန်နေမှန်းလည်း မသိပေ။
ဒူလိုက်ထာမှလွန်ရော။

"ချာတိတ်ပိုက်ဆံရှိရင်ဝယ်လာပေးလေပြီးရင်ကိုယ့်ကို
ဖုန်းဆက်လိုက်ပေါ့”

"အာ...ဟုတ်”

အခုလိုကြတော့လည်းလိမ္မာတဲ့ကလေးလေးအတိုင်း
တစ်ဟုတ်ဟုတ်နဲ့ ငြိမ်နေလေရဲ့။

"ခင်ဗျားဖုန်းနံပါတ်ပေးထားလေ”

"ချာတိတ်ဖုန်းနံပါတ်ပြောကိုယ်ခေါ်လိုက်မယ်”

"ပေးဖုန်းကျွန်တော်မှတ်ပေးမယ်”

လက်သွယ်သွယ်လေးတွေကနေ ဖုန်းကိုယူကာမှတ်ပေး
နေတဲ့ကောင်လေးကြောင့် သူတစ်စိမ့်စိမ့်သာကြည့်နေမိ
သည်။ တကယ့်ကိုလှရက်လွန်းတဲ့ ပန်ချီကားချပ်လေး
အတိုင်း ပြီးပြည့်စုံတော့ အကြည့်ပင်မလွဲခြင်ပေ။

Until The End (completed) Onde as histórias ganham vida. Descobre agora