"Hyung.. Hyungကတော့လုပ်ပြီ .. ကောက်နေတာချော့မရသေးပါဘူးဆိုမှ.. ပိုဆိုးပါပြီဗျာ"

"အပိုလုပ်မနေပါနဲ့Chanရာ.. Baekhyunလေးက မင်းကိုချစ်တာများတုန်လို့
ငါတိုအကုန်မြင်ပြီးသား
ပိုကိုပိုတဲ့မင်းတို့နှစ်ယောက်ကို နည်းနည်းတော့မွှေမှဖြစ်မယ်"

YiXingစကားကြောင့် Chanyeol JunMyeonကိုကြည့်တဲ့အခါ JunMyeonကYiXingနဲ့တဖွဲ့တည်း..

"ဘယ်လိုပွဲလဲသိရဲ့သားနဲ့
သွားခါနီးလာခါနီး.. ဘာလုပ်နေလို့နောက်ကျနေတာလဲ
Junပြောလို့ငါအကုန်သိပြီးသား
ဆေးရုံမရှောင် ဘာမရှောင်တဲ့ နှစ်ယောက်"

"ဟာ..JunMyeonHyung!!.. အဲ့တာကိုဘာလို့လျှောက်ပြောနေရတာလဲ"

"ငါ့ရည်းစားငါပြောတာပဲဟာ.. နော်Xing.. ငါတို့နှစ်ယောက်က တစ်ယောက်သိတာတစ်ယောက်မသိဘူးဆိုတာမရှိရဘူးနော်"

Chanyeol..ဒီနှစ်ယောက်ကြားမှာ ဘာပြောပြောနိုင်မှာမဟုတ်မှန်းသိနေတာနဲ့ ခုံမှာဝင်ထိုင်လိုက်ပြီး သောက်နေလိုက်သည်။

တစ်ယောက်ထဲထားခဲ့လို့ဒေါခီးနေတဲ့..ဒီညရဲ့အပြာရောင်ဝမ်းဆက်နဲ့မင်းသားလေးကတော့ ပတ်ဝန်းကျင်ကိုလိုက်ကြည့်တဲ့အခါ အဆင်သင့်ပြင်ဆင်ပြီးသားဖြစ်နေတဲ့ သောက်စရာ..စားစရာအနည်းငယ်ကိုမြင်လျှင်မြင်ခြင်း  သူငယ်ချင်းဖြစ်သူရဲ့ဆွဲခေါ်သွားခြင်းကိုခံခဲ့ရသည်။

"နောက်ကျလိုက်တာ.. ဒီမှာငါတို့ နှစ်ပုလင်းတောင်ကုန်နေပြီ"

"ငါက မင်းလိုအရက်သမားမဟုတ်ဘူး.. မသောက်ဘူး"

မသိတဲ့လူတွေမှမဟုတ်ဘဲ.. Baekhyunပြောတာကြားပြီးတာနဲ့ Chenထောင်ပြနေတဲ့ ပုလင်းတွေကိုချလိုက်ကာ အော်ရယ်နေသည်။

"မင်းက.. မသောက်ဘူး..?? ဝါး..ဟား..ဟား..ဟား..
Baekhyunရယ် အတူတူနဲ့အနူနူကို ဘာကိုငါကအရက်သမားလဲ
ဟိုနှစ်ကောင်သာရှိရင်.. ရယ်လိုက်မဲ့ဖြစ်ခြင်း..ခိခိခိခိ.."

Baekhyun ခွက်ထိုးခွက်လန်ရယ်နေတဲ့ Chenကိုအမြင်ကပ်လာကာ ရှေ့ကကင်ထားပြီးသားအမဲသားကင်ကို ပါးစပ်ထဲထိုးထည့်လိုက်တော့ ပူသွားတဲ့Chenကစိတ်ထဲကနေအပြီအပြင်ကိုကျိန်ဆဲနေတော့သည်။

HE'S ✓Where stories live. Discover now