"အင်း...gomawo!"

"imm...ကိုယ်သွားပြီနော်"

ခေါင်းငြိမ့်ပြရင်းပြေးထွက်သွားတဲ့ကျောပြင်လေးကိုငေးရင်း
လွမ်းသွားပြန်သည်။ခုနလေးတင်တစ်ချိန်လုံးအတူရှိနေတာကို။သူ့ကိုသဘောမကျလည်း သူ့အနားမှာမနေချင်ရင်လည်း မပင်ပန်းပဲနဲ့အမြဲတမ်းပဲပြုံးပျော်နေမယ်ဆိုရင်ကောင်းမယ်။

အဲ့လိုသာဆိုရင် ဝေးနေရတာပဲဖြစ်ဖြစ် ငေးနေရတာပဲဖြစ်ဖြစ်
အဆင်ပြေတာမို့။သေချာပေါက် နီးချင်တာကကိုယ့်ဆန္ဒဆိုပေ
မယ့်လို့ပေါ့။

.

.

.

"ဆေးရုံဆင်းရင် ကျမတို့အိမ်မှာပဲလိုက်နေလိုက်ရင်ဘယ်လိုလဲ အစ်ကိုကြီး နာရယ်လေးတစ်ယောက်တည်းပြုစုတာထက်စာရင် အတူတူနေတော့အဖော်ရပြီး ပင်ပန်းတာလည်းသက်သာတာပေါ့"

သတိရကာစဖြစ်ပေမယ့် နောင်ရေးအတွက်မပူပင်ရအောင်လို့
စကားစလိုက်ပေမယ့် အင်းမလုပ်အဲမလုပ်နဲ့စဉ်းစားနေပြန်
သည်။လွန်ခဲ့တဲ့၁၅နှစ်တုန်းကသာဆိုရင် ရန်လုပ်နိုင်ဦးမယ်လို့
ထင်ရပေမယ့် အခုအချိန်မှာတော့ဇရာကပြလို့လာပြီ။

"သမီးကိုပဲကောင်းကောင်းစောင့်ရှောက်ပေး..."

"အဲ့တာကိုစိတ်မပူပါနဲ့ နာရယ်လေးကကျမတို့သမီးအရင်း
လေးလိုပါပဲ..."

ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ တစ်ဖက်ကိုလှည့်ရင်းမှန်ကာထားတဲ့အပြင်ဘက်ကိုကြည့်လို့နေသည်။

"နာရယ်ကငါ့ကိုသည်းခံပြီးသေချာကြည့်ပေးလာခဲ့တာ...သူ
ဖြစ်ချင်တာတွေ လုပ်ချင်တာတွေကို​ဘေးချိတ်ပြီး ဒီအဖေကိုအများကြီးနားလည်ပေးခဲ့တာ...."

ဘယ်သူမဆို ဒီလိုကရုဏာသက်တဲ့စကားတွေကိုကြားရရင်
မျက်ရည်ကျလောက်လား။ဒါမှမဟုတ် ဝမ်းနည်းနေမလား။
အခန်းထဲမဝင်ခင် ကြားရတဲ့စကားတွေကြောင့်သူမကတော့
အပြင်မှာကြိတ်ပြီးငိုနေမိသလို အာပါးလည်းသေချာပေါက်
မျက်ရည်လည်နေမှာပဲ။

"နေဖို့အချိန်တွေကသိပ်မကျန်တော့ဘူးလို့ခံစားရတယ်...
အဲ့မတိုင်ခင် နာရယ့်လက်ကိုဆွဲပြီးခန်းမထဲတော့ရောက်အောင်ပို့ပေးချင်သေးတာ..ဟင်း~သိပ်နောက်မကျသေးဘူးမလား"

RIVALS [Completed]Tahanan ng mga kuwento. Tumuklas ngayon