"ထပ်ကြားချင်လို့မသိချင်ယောင်ဆောင်တာ~"

"ဟာ!"

ကိုယ့်ရှေ့တိုးပြီးလှမ်းဖက်ဖို့လုပ်နေတာမို့ လှစ်ခနဲတွန်းဖယ်ရင်း​ရှောင်လိုက်သည်။သူ့ကိုနောက်ရတာကတကယ်သဘောကျ
ဖို့ကောင်းတာပဲ။

မျက်လုံးတွေပိတ်တဲ့အထိပြုံးရယ်နေတာကတအားချစ်ဖို့ကောင်းတယ်။အရက်မူးပြီးသူ့ဆီရောက်လာတဲ့နေ့တုန်းကလိုပဲ...

"ကိုယ့်ဆီလာ~"

လက်နှစ်ဖက်ကိုဆန့်လို့သူ့ဆီလာဖို့ပြောနေသည်။မသွားပဲရပ်
ကြည့်နေလိုက်တော့ မျက်နှာကိုရှုံ့မဲ့ရင်းမြန်မြန်လာဖို့ပြောပြန်
သည်။

"မလာဘူး!!"

လျှာထုတ်ပြရင်းအိမ်အပြင်ကိုပြေးထွက်သွားတဲ့ကိုယ့်ကိုကြည့်
ကာသူလည်းရယ် ကိုယ်လည်းရယ်ရင်း စိတ်ပင်ပန်းမှုတွေ
ပြည့်နေခဲ့တဲ့နေ့ရက်တွေကို ညနေခင်းတစ်ခုတည်းနဲ့တင်
ချေဖျက်ပစ်ခဲ့တော့သည်။

ပါ့ခ်ဂျီမင်နဲ့အတူနေရှိရင် သူမတကယ်ပျော်ရတာပဲ။

~~~~~~~

"ညကျရင်အတူစောင့်နေပေးရမလား တစ်ယောက်တည်းဆို
ရင်ပင်ပန်းမယ်ထင်တယ်"

အရဲစွန့်ပြီးမေးလိုက်တာကိုဘယ်လိုပြန်ဖြေမလဲဆိုတာကိုမသိ
ပေမဲ့ သူမအဖြေကသာyesဆိုရင် ကြိုတင်ပြင်ထားတဲ့အထုပ်ကိုယူရင်းကောက်ကောက်ပါအောင်လိုက်သွားရုံပဲ။ဆေးရုံကူ
စောင့်ပေးဖို့ပြောပါတယ်...

"အလုပ်မများဘူးလား?? ဒီနေ့ဆိုလည်းတစ်နေကုန်ပဲမလား
အလုပ်တွေကိုကျမကြောင့်ထားခဲ့ရတာဆိုရင် အားနာဖို့ကောင်းတယ်လေ ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်~"

"အဲ့ဒါဆိုဘယ်တော့ထပ်တွေ့ရမှာလဲ အမြဲပဲဒီလိုပြန်ခိုင်းပြီး
သွားရင်ထပ်လည်းမဆက်သွယ်တော့ဘူးလေ..."

ကိုယ့်စကားကိုကြားတော့ သူမမှာလည်းနှုတ်ခမ်းကိုတင်းတင်းစေ့လို့ဘာပြန်ဖြေရမလဲအခက်တွေ့နေသည့်ပုံ။သူကတော့
အမြဲပဲတွေ့နေချင်သလောက် နာရယ်ကတော့ဒီအတိုင်းလည်း
အဆင်ပြေနေတဲ့ပုံပါပဲ။

"စိတ်ထဲမထားပါနဲ့ ပြန်တော့ဆိုရင်လည်းပြန်ရမှာပေါ့ တစ်ခု
ခုအဆင်မပြေတာရှိရင်ကိုယ့်ကိုဖုန်းဆက်လိုက် အဆင်ပြေနေ
လည်းဆက်လို့ရတယ်...ဘယ်အချိန်ဖြစ်ဖြစ်"

RIVALS [Completed]Where stories live. Discover now