သာမန်အတွင်းရေးမှူးဆိုပေမယ့် Triple Kimရဲ့အတွင်းရေးမှူးမို့လား။ပြောရရင်Triple Kimကသူတို့ကုမ္ပဏီ Stock Share ရဲ့သုံးပုံတစ်ပုံကသူတို့နာမည်နဲ့။

ဒါအပြင့်ပိုဆိုးတာကခုလာတဲ့Choi Soobinဆိုတာက Triple Kimကိုမှအကိုအကြီးဆုံးရဲ့အတွင်းရေးမှူး။

Triple Kimဆိုဘယ်သူကမှမော်မကြည့်ရဲသလိုသူတို့အကိုကြီးဆုံးဆိုရင်ကျန်တဲ့နှစ်ယောက်ကစီးပွားရေးနဲ့ပတ်သက်လာရင်ဘယ်သူမှမော်မကြည့်ရဲ။

ထို့ကြောင့်Triple Kimဆိုရင်စီးပွားရေးလုပ်ငန်းရှင်တော်တော်များများကစိတ်ဝင်စားတယ်ဆိုပေမယ့်အကိုအကြီးဆုံးလို့ပြောလိုက်ရင်အကုန်လုံးကကြောက်ကြသည်။
ဒါတောင်သူ့ရဲ့မျက်နှာကိုဘယ်သူမှမမြင်ဘူးပါ။

Triple Kimဆိုတာစီးပွားရေးလောကရဲ့ဘုရင်ဆိုရင်အကိုအကြီးဆိုကာစီးပွားရေးလောကရဲ့နတ်ဘုရား။

ဒီလိုတင်စားခေါ်ဝေါ်ရလောက်တဲ့အထိကိုTriple Kimညီအစ်ကိုသုံးယောက်ရဲ့အာဏာစက်ကပြင်းပါသည်။

"ဟုတ်ကဲ့....အဓိကပြောချင်တာကတော့ခုတစ်ခေါက်Brandအတွက်သုံးစွဲငွေပါပဲ၊အားလုံးလည်းသိတဲ့အတိုင်းဒီတစ်ခေါက်brandကကုမ္ပဏီရဲ့အကြီးမားဆုံးprojectဆိုလည်းမမှားပါဘူး.......အဲ့ဒါကြောင့်ကုမ္ပဏီရဲ့နောက်ထပ်ရှယ်ယာတွေကိုထပ်မံဖွင့်လှစ်မယ့်အကြောင်းနဲ့ပတ်သက်ပြီးရှယ်ယာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးရတာဖြစ်ပါတယ်"

အဖွဲ့မှူးရဲ့စကားသံအဆုံးမှာထွက်လာကြတဲ့တစ်ရောက်တစ်ပေါက်စကားသံတွေ......

ထိုစကားသံတွေအားလုံးကိုလွှမ်းမိုးသွားတာကအတွင်းရေးမှူးChoi Soobinရဲ့ဖုန်းသံ

"ဟုတ်ကဲ့.......ဉက္ကဌ"

Soobinရဲ့ဖုန်းဖြေသံအဆုံးမှာငြိမ်သက်သွားတဲ့အစည်းဝေးခန်းမကြီးဟာအပ်ကျသံကိုပင်ကြားနိုင်လောက်အောင်တိတ်ဆိတ်သွားခဲ့သည်။

Triple Kimဆိုတာနာမည်နဲ့တင်ကြောက်စရာကောင်းတဲ့လူမျိုး။

"ဟုတ်......ဉက္ကဌ"

"............."

"ဟုတ်.....ပြောလိုက်ပါမယ်"

ပြီးတာနဲ့ဖုန်းကိုspeakerဖွင့်လိုက်ပြီးရှေ့ကစားပွဲခုံပေါ်ကိုတင်လိုက်သည်။ပြီးမှ

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now