စိတ်ချပါကလေးငယ်ရယ်.......ကိုယ်ကလေကလေးငယ်အတွက်ဆိုနှလုံးသားတစ်ခုလုံးကိုပေးထားပြီးသားပါ။အဲ့ဒါကြောင့်ကိုယ့်ကိုပဲကြည့်နေပေးပါကလေးငယ်။

~~~~~~~~~~~

ေဂျာင်ကုတစ်ယောက်လည်းအစ်ကို့ဆီကဖုန်းချပြီးတာရေမိုးချိုးဖို့ပြင်ရတော့သည်။

ချစ်သူဆိုတဲ့လူတစ်ယောက်ကကိုယ့်ရဲ့မနက်ခင်းလေးကိုပင်ပြောင်းလဲစေသူ။

ချစ်ရပါတယ်အစ်ကိုရယ်။

သူလည်းရေချိုးပြီးမနက်စာစားဖို့အောက်ဆင်းသွားတော့ထမင်းစားခန်းထဲမှာအသင့်စောင့်နေတဲ့အဖေနှင့်အမေ။

"သားလေးနိုးပြီလား....လာ....ထမင်းလာစား"

"ဟုတ်....Omma"

"ဂျောင်ကု......ဒီနေ့အရေးကြီးmeetingရှိတာသိတယ်နော်"

"ဟုတ်......Appaသိထားပါတယ်"

"ပိုအရေးကြီးတာကTriple Kimရဲ့အတွင်းရေးမှူးလာမှာနော်.....သေချာလုပ်.......Triple Kimကငါတို့အတွက်ဘယ်လိုလူတွေဆိုတာသိပါတယ်နော်"

"ဟုတ်.....Appa"

~~~~~~~~~~

"CEOအစည်းအဝေးသွားဖို့အချိန်ရောက်ပါပြီ"

"အေး...အေး"

"ဒီနေ့အစည်းအဝေးကတော့နောက်နှစ်ပိုင်းထဲမှာအသစ်ဖြန့်မယ့်Brandအသစ်အကြောင်းပဲဖစ်ပါတယ်။
အားလုံးလည်းသိတဲ့အတိုင်းခုကျွန်တော်တို့ရဲ့brandအသစ်ကအောင်မြင်နိုင်ချေများတယ်လို့စီးပွားရေးပညာရှင်အချို့ကလည်းခန့်မှန်းထား.........."

"ဒီနေရာမှာကျွန်တော်တစ်ခုပြောစရာရှိပါတယ်"

ပြောပြနေတဲ့အဖွဲ့မှူးရဲ့အသံကိုလွှမ်းမိုးသွားတာကTriple Kimရဲ့အတွင်းရေးမှူး Choi Soobin

"အောင်မြင်နိုင်ချေရှိတယ်လို့ခန့်မှန်းထားရုံပါ...တကယ်အောင်မြင်မယ်လို့လည်းဘယ်သူကမှမပြောနိုင်ပါဘူး........စီးပွားရေးပညာရှင်တွေဆိုတာကလည်းတစ်ခါတစ်လေမှားတတ်ပါတယ်.....ဒါကြောင့်မရေရာမသေချာတဲ့စကားကိုပြောမနေဘဲ....ဒီနေ့ရဲ့ Main Topic ကိုပဲပြောစေချင်ပါတယ်"

တက်ရောက်လာတဲ့ရှယ်ယာရှင်တွေရောဌာနအသီးသီးကမန်နေဂျာတွေရောရှုးရှုးရှဲရဲဲဖစ်ကုန်ကြသည်။သို့သော်ဒေါသထွက်ရုံမှတစ်ပါးဘယ်သူမှတောင်မော်မကြည့်ရဲ။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now