Chapter-72(ကျန်းရှန် နောင်တရမိခြင်း)

7K 1.1K 34
                                    

Unicode ❤️❤️

ကျန်းရှန် နောင်တရမိခြင်း

'ငါက အပြင်မှာ ဒီကောင်တွေနဲ့ အလုပ်ရှုပ်နေတော့ မင်းတို့ နှစ်ယောက်က ကားထဲမှာ အချစ်ငှက်တွေ လုပ်နေရတာ အကြိုက်တွေ့နေတာလား?'

ိပိုင်ဟောင် စိတ်ပျက်စွာဖြင့် သူ့ကိုယ်သူ ပြောလိုက်သည်။ သူတို့ဆီ ဉီးတည်လာနေတာတောင် ဖေးစစ်ရန်ကတော့ ပျော်မြူးနေပြီး ကျန်းရှန်အား မြူဆွယ်ရန် အ​ချိန်ရိှနေသည်။

'ထားပါတော့.. သူတို့က အာလူးပေါက်လေးသာသာပဲ.. ကိစ္စမရိှဘူး'

ပိုင်ဟောင်က သူ့လက်တစ်ဖက်ကို လေထဲတွင် အသာဝှေ့ပြီး လေပေါ်က ဝံပုလွေတို့၏ ခြေထောက်မှယူကာ ကားဆီသို့ အရှိန်ပြင်းစွာ ပိတ်ရိုက်လိုက်သည္။

မျက်စိတစ်မှိတ်အတွင်းမှာတင် ပိုင်ဟောင်က ထို ဝံပုလွေတွေနောက်သို့လိုက်လာကာ အပေါ်မှ အရှိန်ပြင်းပြင်းဖြင့် ထိုးနှက်လိုက်သည်။လူသားမဆန်သည့် သန်မာသော စွမ်းအားကြောင့် ဝံပုလွေများ ပါးစပ်မှ အမြှုပ်ထွက်လာကာ ချက်ချင်းပင် ပွဲကျင်းပြီးလေသည်။

အလုပ်ပြီးစီးပြီးနောက် ပိုင်ဟောင်က သူ့အိတ်ကပ်ထဲမှာ လက်ကိုင်ပဝါကို ထုတ်ကာ သွေးစများပေကျံနေသည့် လက်ကောက်ဝတ်အား သုတ်ပြီးနောက် ဂရုမစိုက်စွာဖြင့် လွှတ်ပစ်လိုက်သည်။ ပိုင်ဟောင်က ရန်သူ့ကားအား ကျော်လိုက်ကာ ဖေးစစ်ရန်ဆီသို့ သူ့ရဲ့ ​ရှည်လျားသော ခြေတံရှည်တို့ဖြင့် လျှောက္သွားလိုက်သည်။ ကားဆီသို့လာကာ တံခါးအားဖွင့်၍ အထဲသို့ ဝင်ကာ ထိုင်လိုက်သည္။

"Wow! ဒီကောင်တွေက တကယ် အားနည်းတာပဲ.. သူတို့က ကျွန်တော်တို့ကို သတ်ဖို့ လွှတ်လိုက်တဲ့ လူသတ်သမားတွေရော ဟုတ်ရဲ့လား"

ကျန်းရှန် ရန်ပွဲအား သေချာ မကြည့်လိုက်ရသေးခက်မှာတင် ပိုင်ဟောင်သည် ထိုလူတို့အား အပြီးသတ်ပေးပြီးနှင့်ပြီ။

"ဒီကောင်တွေက နှစ်တစ်ရာ သက်တမ်းပဲရိှတဲ့ ဝံပုလွေတွေပဲကို.. ဘယ်လိုလုပ် နတ်ဆိုးတွေကို လာယှဉ်နိုင်ပါ့မလဲ"
ပိုင်ဟောင်က ကိုယ့်ကိုကိုယ်ဂုဏ်ယူသည့်ပုံစံဖြင့် ယုံကြည်ချက်ရိှရိှပြောလိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now